Connect with us

Politics, Law & Military

ရှီ နှင့် ကင် ဆွေးနွေးပွဲတွင် အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် တို့ အား အတူတကွ တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အလည်အပတ်ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအမ် အား ဇန်နဝါရီ ၈ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လှိုက်လှဲမှု နှင့် ချစ်ကြည်ရင်းနှီးမှုဖြင့် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး နှင့် ဘုံသက်ဆိုင်မှုရှိသော အရေးကိစ္စရပ်များ အပေါ် နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အရေးကြီးသောသဘောတူညီမှုများကို ရရှိခဲ့ကြောင်း သိရသည်။နှစ်ဘက်စလုံးက ခေတ်သစ်တွင် တရုတ်-မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတွင် ဆက်လက်၍ အသစ်သစ်သော ဖွံ့ဖြိုးတိုးတက်မှုများရရှိရေး အတူတကွလက်တွဲကြိုးပမ်းအားထုတ်သွားကြရန် သဘောတူညီခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်အရေးကို ပိုမိုထိရောက်သော နိုင်ငံရေးနည်းလမ်းအရ အဖြေရှာသွားကြရန် ၊ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများပိုမိုဆောင်ကြဉ်းပေးရန် နှင့် ဒေသတွင်းနှင့်ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု ၊ အကျိုးဖြစ်ထွန်းမှု ၊ တည်ငြိမ်မှု နှင့် ငြိမ်းချမ်းမှုအတွက် အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သဘာတူညီခဲ့ကြသည်။

သမ္မတရှီက ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရဲဘော်ဥက္ကဋ္ဌကြီး၏ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မှုသည် တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇ဝ ပြည့်အခါသမယနှင့်တိုက်ဆိုင်နေကြောင်း ၊ နှစ်နိုင်ငံအစဉ်အလာချစ်ကြည်ရင်းနှီးမှု နှင့် ရဲဘော်ဥက္ကဋ္ဌကြီး၏ တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် တရုတ်ပြည်သူများအပေါ် ချစ်ကြည်ရင်းနှီးမှုအား အပြည့်အဝ ဖော်ပြသည့် အလွန်အရေးပါသော ခရီးစဉ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ တရုတ်ကွန်မြူနစ်ပါတီ ၊ တရုတ်အစိုးရ နဲ့တရုတ်ပြည်သူများကိုယ်စား သိပ်ကို လေးစားတန်ဖိုးထားကြောင်းပြောကြားလိုပါတယ်။ မြောက်ကိုရီးယားအလုပ်သမားပါတီ ၊ မြောက်ကိုရီးယားအစိုးရ နဲ့ပြည်သူများကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်” ဟု ရှီကဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ရဲဘော်အထွေထွေအတွင်းရေးမှူး နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများအနေဖြင့် ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာနှင့်အတူဆိုရှယ်လစ်စနစ်ဖော်ဆောင်ရာတွင် လတ်ဆတ်သောကြီးကျယ်သည့် အောင်မြင်မှုများကို ဆက်လက်ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် တရုတ်လူမျိုးတို့၏ အမျိုးသားပြန်လည်ရှင်သန်ရေးအိပ်မက် နှင့် ရာစုနှစ် ၂ခု ရည်မှန်းချက်ပန်းတိုင်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ မဟာဗျူဟာမြောက်မျဉ်းကြောင်းသစ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်မြောက်ကိုရီးယားပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် အလုပ်သမားပါတီက ဦးဆောင်မှုပေးလိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းကြိုးပမ်းအားထုတ်မှုအတွက် ကောင်းမွန်သော ပြင်ပ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးတစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်း ကင်ကဆိုသည်။တရုတ်သမ္မတရှီကျင့်ဖိန်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်အား တရုတ်နိုင်ငံပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ(Great Hall) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

သတင်းအပြည့်အစုံဖတ်ရန်Link- http://www.xinhuanet.com/english/2019-01/10/c_137732260.htm