Connect with us

Politics, Law & Military

သမ္မတရှီက ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၅ နှစ်ပြည့် နှစ်ပတ်လည် ဖိုရမ်ဖွင့်ပွဲသို့ဂုဏ်ပြုစကားဆို

သမ္မတရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းကြီးဖော်ဆောင်မှု ၅ နှစ်ပြည့်အခမ်းအနားသို့ ဗီဒီယိုဖိုင်မှတဆင့် နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကာဇက်စတန်နိုင်ငံ၌ စက်တင်ဘာ ၇ ရက်တွင် ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားဖွင့်ပွဲဖိုရမ်သို့ဗီဒီယိုတိတ်ခွေ ပေးပို့၍ ဂုဏ်ပြုစကား ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် သမ္မတရှီက ကာဇန်စတန်နိုင်ငံသမ္မတ Nursultan Nazarbayev နှင့် ဖိုရမ်တက်ရောက်လာကြသည့် ဧည့်ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပိုးလမ်မဖော်ဆောင်မှု စတင်ခဲ့ပြီးနောက် ရှေ့ဆက်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အလေးဂရုပြုမှု ခံခဲ့ရကြောင်း နှင့် သက်ဆိုင်ရာနိုင်ငံများမှ တက်ကြွသောတုံ့ပြန်မှုများ ရရှိခဲ့ကြောင်း ရှီ ကဆိုသည်။

ပိုးလမ်းမဖော်ဆောင်မှုတွင် ပါဝင်ခဲ့ကြသောနိုင်ငံများအနေဖြင့် မူဝါဒဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ဆက်လက်ဆောင်ရွက်ခြင်း ၊ အဓိကစီးပွားရေး နှင့် ကုန်သွယ်ရေးတွင် အကောင်အထည်ဖော်မှုအရှိန်အဟုန်များ မြှင့်တင်ခြင်း ၊ အခြေခံအဆောက်အအုံကွန်ရက်များ တည်ဆောက်ခြင်း ယင်းလုပ်ငန်းများမှ တဆင့် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်သူများကို အကျိုးရလဒ်များ ယူဆောင်ပေးခဲ့ကြောင်း ရှီက ဆိုသည်။

ကာဇက်စတန်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် တက်တက်ကြွကြွပူးပေါင်းပါဝင်ခဲ့သည့် ထောက်ခံအားပေးသူ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော ငါးနှစ်တာကာလအတွင်း တရုတ်-ကာဇက်စတန်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကြိုးပမ်းအားထုတ်မှုများနှင့်အတူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှု အသီးအပွင့်များ အစဉ်တစိုက် ရရှိခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတ ကဆိုသည်။ ထို့ပြင် ယခုကျင်းပသော ဖိုရမ်ကို ပြီးဆုံးသည်အထိ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဆန္ဒပြုပါကြောင်းလည်း ၎င်း၏ ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.