Connect with us

Politics, Law & Military

သမ္မတရှီက တောင်သူလယ်သမားများ၏ ကောက်ရိတ်သိမ်းပွဲတော်သို့နှုတ်ခွန်းဆက်စကားပြောကြား

တရုတ်နိုင်ငံ၌ လယ်ယာလုပ်ငန်းခွင် ဝင်နေကြသော တောင်သူလယ်သမားများအားတွေ ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်သော ဒုတိယအကြိမ်မြောက် တရုတ်လယ်သမားများ၏ ကောက်ရိတ်သိမ်းပွဲတော် အထိမ်းအမှတ်အတွက် ကျေးလက်နေပြည်သူများ နှင့် စိုက်ပျိုးရေး လုပ်ကိုင်နေကြသော လယ်သမားများအား ဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာ ပြည်သူများအတွက် ရည်ရွယ်၍ ပြောကြားခဲ့သော နှုတ်ခွန်းဆက်စကားကို အသစ်ထပ်မံထုတ်လွှင့်ခဲ့သည့် တရုတ်နိုင်ငံဗဟိုရုပ်မြင်သံကြားဌာန၏ ချန်နယ်-၁ မှ တစ်ဆင့် ထုတ်လွှင့်ဖော်ပြခဲ့ခြင်းဖြစ်သည်။(Xinhua)