Connect with us

Politics, Law & Military

အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိလာမှု နှစ် ၂၀ ပြည့် အခမ်းအနား တက်ရောက်ရန် တရုတ် သမ္မတ ရှီကျင့်ဖိန် ဟောင်ကောင်သို့ ရောက်ရှိ

ဟောင်ကောင်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် လေဆိပ်၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာမှု နှစ် ၂၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရအဖွဲ့၏ ပဉ္စမမြောက် သက်တမ်း ရာထူး အပ်နှင်းပွဲ စသည့် အခမ်းအနားပွဲများသို့ တက်ရောက်ရန် ဇွန်လ ၂၉ ရက်က ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှီသည် ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသအတွင်း လေ့လာ စစ်ဆေးရေးလည်း သွားရောက်မည်ဟု ဆိုသည်။

ရှီသည် တရုတ် သမ္မတ အဖြစ် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်သို့ လာရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတ ရှီနှင့် ဇနီး ဖုန်းလိယွမ်တို့သည် ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမှုဆောင် အရာရှိချုပ် Leung Chun-ying နှင့် ရွေးကောက်ခံ အမှုဆောင် အရာရှိချုပ် Cheng Yuet-ngor တို့ပါဝင်သည့် အဆင့်မြင့် အရာရှိများအား လေဆိပ်၌ နှုတ်ခွန်းဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.