Connect with us

Politics, Law & Military

၇၄ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ကင်းလှည့်ခြင်းစတင်

မဲခေါင်မြစ်တစ်လျှောက်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ မဲခေါင်မြစ်အတွင်း ၇၄ ကြိမ်မြောက် ပူးတွဲကင်းလှည့်ရေးအား စက်တင်ဘာလ ၁၈ ရက်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသအတွင်း မှုခင်းလျှော့ချရေးအတွက် ရည်ရွယ်သည့် ကင်းလှည့်ခြင်းတွင် တရုတ်နိုင်ငံမှလည်း သင်္ဘောသုံးစင်း ပါဝင်ခဲ့သည်။

ထိုသို့ ကင်းလှည့်ခြင်းသည် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးရောင်းဝယ်ရေးအတွက် ပစ်မှတ်ထားခြင်း ဖြစ်ပြီး ရွှေတြိဂံဒေအပါအဝင် အဓိကကျသည့်ဒေသများတွင် ရှောင်တခင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည်။

မကြာသေးမီက မြစ်ကြောင်းတစ်လျှောက် မန်ကွတ်တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်မှုများ ဖြစ်ပွားခဲ့သည်။ ကင်းလှည့်အဖွဲ့သည် သင်္ဘောသွားလာရာတွင် ဘေးကင်းစိတ်ချရစေရန် အရေးပေါ်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ပူးတွဲကင်းလှည့်ခြင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ထိုင်းရေပိုင်နက်၌ တရုတ်နိုင်ငံ သင်္ဘော ၂ စင်း ပြန်ပေးဆွဲခံရကာ သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် ထိုနှစ်ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု ခေါ်ဆိုသည့် မဲခေါင်မြစ်သည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ ဖြတ်သန်းစီးဆင်းသွားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.