Connect with us

Politics, Law & Military

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး လျုံကြန့်ချောင်အား အာရှ အခြေအနေနှင့် အရေးကြီးကိစ္စများအပေါ် မေးမြန်းခြင်း

တရုတ်နိုင်ငံလက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျုံကြန့်ချောင် မိန့်ခွန်းပြောကြားနေစဉ်

တရုတ်နိုင်ငံလက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျုံကြန့်ချောင် မိန့်ခွန်းပြောကြားနေစဉ်

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ပေကျင်းရုံးခွဲမှ သတင်းထောက်သည်၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လျုံကြန့်ချောင် အား အာရှ အခြေအနေ နှင့် အရေးကြီးကိစ္စများအပေါ်အင်တာဗျူး မေးမြန်းခဲ့သည်။

မေး ။ ။ ၂၀၁၄ခုနှစ်တွင် ကမ္ဘာ လုံးဆိုင်ရာရိုက်ခတ်မှု အသစ်များဖြစ်ပေါ်ခဲ့ပြီးအာရှ ဒေသတွင်လည်း ထင်ရှားသောပြောင်းလဲမှု များဖြစ်ပေါ်ခဲ့သည်။ ထိ့ုကြောင့် အာရှဒေသအပေါ် မည်သို့ သုံးသပ်သနည်း။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံအပေါ် ဆက်ဆံရေး ပိုမိုတိုးမြှင့်နေသည်ဟု ပြောဆိုမှု အပေါ် မည်သို့ထင်မြင်သနည်း။

ဖြေ ။ ။ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း၏ အရှုှပ်ထွေးဆုံး ပုံစံများ ပေါ်ပေါက်ခဲ့သည်။ အာရှဒေသ တခုလုံး အနေဖြင့် တည်ငြိမ်မှု ရှိသည်ဟု ပြောလို့ရပါ သည်။ ၂၀၁၄ ခုနှစ်တွင် အာရှဒေသ မှ ဖွံဖြိုးဆဲနှင့် အသစ် တည်ထောင် သော စီးပွားရေးလုပ်ငန်းများ ၆.၅% တိုးပွားခဲ့သည်။ ဤသည် ကမ္ဘာ့စီးပွားရေး တိုးချဲ့မှုအား အဓိက တွန်းအား ပေးခဲ့သည်။ အာရှဒေသတွင်း ပူးပေါင်းမှှုလုပ်ငန်းများ ပိုမိုနက်ရှိုင်းလာပြီး အစိုးရ စီးပွားရေးဖွံဖြိုးမှု မှာလဲ စနစ်တကျရှိခဲ့သည်။ ဒေသတွင်း နိုင်ငံကြီးများ၏ ပူးပေါင်းမှု များလဲတိုးမြင့်ခဲ့သည်။ အိန္ဒိယ နှင့် အင်ဒိုနီရှားနိုင်ငံတို့ ရွေးကောက်ပွဲ အဆင်ပြေစွာ ပြုလုပ်နိုင်ခဲ့သည်။ ထိုင်း ၊ မြန်မာ စသော ပြုပြင် ပြောင်းလဲ နေသော နိုင်ငံများလဲ တည်ငြိမ်မှု ရှိခဲ့သည်။ အရေးကြီးကိစ္စ များသည်လဲ ဆွေးနွေးမှု လမ်းစဉ်ပေါ်တွင် ရှိနေသောကြောင့် ထိမ်းချုပ်နိုင်ခဲ့သည်။

အာရှဒေသတွင်လည်း မရေရာခြင်း နှင့် မတည်ငြိမ် ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မြောက်ကိုရီးယားနူကလီးယား ပြဿနာ၊ အာဖဂန် ကိစ္စ များသည်လည်း တခါတရံ အရှိန် မြင့်တက်လာပြီး စီးပွားရေး ကျဆင်းမှု အောက်တွင် သီးခြား ရပ်တည်ခဲ့ရသည်။ အကြမ်းဖက် ဝါဒများ၊ သဘာဝဘေး အန္တရာယ်များ စသော မမျှော်လင့်သော စိန်ခေါ်မှုများလဲ ရင်ဆိုင်ခဲ့ရသည်။ အာရှဒေသတွင်း နိုင်ငံများသည် သီးခြားရပ်တည်ရန် ခက်ခဲသောကြောင့် အတူတကွ ဖွံ့ဖြိုးရေးကိုလက်ကိုင်ဆောင်ရွက်ရမည်။ ပူးပေါင်း၍ စိန်ခေါ်မှုများအား ရင်ဆိုင်ပြီး ဖွံဖြိုးမှုအတွက် နည်းလမ်းရှာရမည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးအား အလေးထား ဆောင်ရွက်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးအား မြှင့်တင်ခဲ့သည်။ နိုင်ငံတွင်းဖွံ့ဖြိုးရေး အတွက် လုံခြုံသောရပ်ဝန်း တည်ဆောက်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံ များနှင့်ချစ်ကြည်ရေး၊ အတူတကွဖွံ့ဖြိုး တိုးတက်ရေးအား ဖော်ဆောင်ခဲ့ သည်။ အိမ်းနီးချင်းပြဿနာများအား ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းမူဝါဒအား အလေးထား ဆောင်ရွက် ခဲ့သည်။ အိမ်းနီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတွင်ပိုမိုအောင်မြင်မှု ရရှိပြီး တာဝန် ယူခြင်း ပိုမိုများပြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အိမ်နီးချင်း နိုင်ငံဆက်ဆံရေးအား လက်တွေ့ဖေါ်ဆောင်ရန် နှင့် ပူးတွဲရပ်တည်မှုဖြစ်ရန် ဆောင်ရွက်ရေး၊ အိမ်နီးချင်းနိုင်ငံအပေါ်ကောင်းမွန်စွာဆက်ဆံခြင်းနှင့် နှစ်ဖက် အကျိုးတူ ပူးပေါင်းခြင်းအား အဓိကပစ်မှတ်ထား ဆောင်ရွက်ရန်၊ ၂၀၁၅ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအား ပိုမိုတိုးချ့ဲဆောင်ရွက်မည် ဖြစ်ပြီး အကျိုးတူ ပူးပေါင်းရေး မူဝါဒ အားလည်း တိုးချဲ့ဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံ နှင့် လက်တွဲဖေါ်ကွန်ရက်ပေါ်ပေါက်စေမည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်း နိုင်ငံအား အကျိုးပြုစေရမည်။ ပြည်သူ့ အတွက် အကျိုးရှိသော လုပ်ငန်းများ ပိုမို ဆောင်ရွက်ရမည်။ အိမ်နီးချင်းနိုင်ငံ လူမျိုးနှင့် တရုတ်လူမျိုး အကြား ချစ်ကြည်ရေး ပိုမို နက်ရှိုင်းစေရန် ဆောင်ရွက်ရမည်။

မေး။ ။ တရုတ်နိုင်ငံမှ ဖော်ဆောင်သော “ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း အတွက် ငွေကြေးပမာဏ ကြီးမားသော ပူးတွဲ လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် အာရှဒေသတွင် ထောက်ခံမှှုများ ထင်ရှားခဲ့သည်။ သို့သော် အချို့နိုင်ငံများက အိမ်နီးချင်း အင်အားဖွ့ဲစည်းသည် ဟုဝေဖန်မှုရှိခဲ့သည်။ ထို့ကြောင့် “ခေတ်သစ် ပိုးလမ်းမကြီး” ၏အနက် အဓိပ္ပါယ်နှင့် အာရှဒေသအတွက် မည်သို့အကျိုးပြုသနည်း။

ဖြေ။ ။ယခုချိန်တွင် ကမ္ဘာ့ စီးပွားရေး ပြန်လည် ထူထောင်ရန် အားနည်းနေသည်။ အာရှသည် ကမ္ဘာအရပ်ရပ်တွင် ဖွံဖြိုးရန် အခြေအနေ ကောင်းသောဒေသ ဖြစ်သည်။ သို့သော် အခက်ခဲ အတားစီး များနှင့်လည်း ရင်ဆိုင်နေရသည်။ အခြေခံ လိုအပ်ချက် ဖြည့်ဆည်းရန်ပင် ဒေါ်လာ ၈ ထရီလီယံ လိုအပ်ချက်ရှိသည်။ ပိုမိုဖွံဖြိုးတိုးတက်ရန် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ပြီး အခြေခံ လိုအပ်ချက် ပေါ်တွင် ပိုမို ရင်းနှီးမြှုပ်နှံ ရမည်။၂၀၁၃တွင် တရုတ်နိုင်ငံမှ ဖေါ်ဆောင်ခဲ့သည့် “ခေတ်သစ် ပိုးလမ်းမကြီး” ၏ ရည်ရွယ်ချက်မှာ အာရှဒေသ ပိုမိုတိုးတက်စေရန် နှင့် လမ်းကြောင်း တလျှောက်နိုင်ငံများ အကျိုးရှိစေပြီး ဈေးကွက်ဖွံ့ဖြိုးမှု ရရှိရန် ဖြစ်သည်။ “ခေတ်သစ်ပိုးလမ်းမကြီး” ထူထောင်ရေးသည် ဖွဲ့စည်းမှု လုပ်ငန်းတစ်ရပ် ဖြစ်သည်။ အာရှဒေသအား အဓိကထားပြီး ကုန်းတွင်းနှင့် ပင်လယ် ရေကြောင်း စီးပွားရေး ပူးပေါင်းမှု အားလက်ကိုင်ထား ဆောင်ရွက်မည်။ ယခုချိန်တွင် “ခေတ်သစ်ပိုးလမ်းမကြီး” ဟာ လက်တွေ့ ဆောင်ရွက်သည့် အဆင့်ကို ရောက်ရှိနေပါသည်။ လမ်းကြောင်း တလျှောက် နိုင်ငံပေါင်း ၅၀ ကျော် တက်ကြွစွာ ပူးပေါင်းပါဝင်သဖြင့် လက်တေ့ွကျသော အကျိုးကျေးဇူး ရရှိနေပါပြီ။

တချို့သော သူများဟာ “ခေတ်သစ် ပိုးလမ်းမကြီး”သည် “The Marshall Plan” အား တရုတ်မူ ပြုထားသည် ဟုဆိုကြသည်။ “The Marshall Plan” သည်ဥရောပ ပြန်လည် ထူထောင်ရေးအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သည်။ သို့သော် စစ်အေးကာလတွင် ထောက်ပံံ့မှု ခံယူသော နိုင်ငံများအပေါ် စည်းကမ်းများ တောင်းဆိုခဲ့သည်။ “ခေတ်သစ်ပိုးလမ်းမကြီး” သည် သက်ဆိုင်ရာ ဒေသ၏ ညွှန်ကြားမှုနှင့် အာဏာ အားလုံးဝ မတောင်းဆိုပါ။ ထို့ပြင် ပြည်တွင်းရေး အားလုံး ဝင်ရောက် စွက်ဖက်ခြင်း မရှိပါ။ “ခေတ်သစ် ပိုးလမ်းမကြီး” ဟာ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးမှု ရှိစေပါသည်။ “ခေတ်သစ် ပိုးလမ်းမကြီး” သို့မိမိဆန္ဒအလျောက် ဝင်ရောက်စေပြီး ဈေးကွက်နှင့် စီးပွားရေး စည်းကမ်းများဖြင့် အဖက်ဖက်မှ တန်းတူ အကျိုးကျေးဇူး ရရှိရန် ရည်ရွယ်ပါသည်။

“ခေတ်သစ် ပိုးလမ်းမကြီး”ဟာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းအပေါ် စေတနာထား သောမူဝါဒ၊ ချစ်ကြည် ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သော အယူအဆ တို့ဖြင့် အာရှဒေသ၏ ပူးတွဲရပ်တည်မှု ဖြစ်ပေါ်စေသည်။ ပိုးလမ်းမကြီးသည် အာရှသမိုင်းတွင် ကောင်းမွန်သော သမိုင်း အစဉ်အလာ ရှိခဲ့ဖူးသည်။

“ခေတ်သစ်ပိုးလမ်းမကြီး” ပြန်လည် ပေါ်ပေါက်ခြင်းသည် အာရှဒေသ၏ ပူူူးပေါင်းချင်း မူဝါဒ လမ်းစဉ် ဖြင့် ပိုမိုများပြားသော အကျိုးကျေးဇူးနှင့် မျှော်လင့်ချက် များစွာ ရရှိစေသည်။ ယခင် ပိုးလမ်းမကြီးကဲ့သို့ ခေတ်သစ်တွင် အောင်မြင်မှု အသစ်များ ရရှိစေပါမည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.