Connect with us

Politics, Law & Military

တရုတ်သမ္မတ Xi ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြုပြင် ပြောင်းလဲရေးနှင့် တရားဥပဒေ စိုးမိုးရေး ပိုမိုလုပ်ဆောင်မည်ပြော

တရုတ်သမ္မတရှီကျင့်ဖိန် ၂၀၁၅ နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေပုံ(ဆင်ဟွာ)

တရုတ်သမ္မတရှီကျင့်ဖိန် ၂၀၁၅ နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေပုံ(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁၅ ခုနှစ် ပြုပြင်ပြောင်းလဲရေး နှင့် တရားဥပဒေ စိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

နိုင်ငံပိုင် ရုပ်သံတွင် ဗုဒ္ဓဟူးနေ့ တိုက်ရိုက်ပြသနေသည့်သမ္မတ Xi ၏ မိန့်ခွန်းတွင် “ယခုနှစ် (၂၀၁၄) သည်မမေ့နိုင်သော နှစ်ဖြစ်သည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ စီးပွားရေးတိုးတက်ဖို့၊ လူမှုဖွံ့ဖြိုးရေး နဲ့ ပြည်သူတွေဘဝ အဆင့်အတန်း မြင့်မားဖို့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ အောင်မြင်မှုများသည် ပြည်သူများ ပံ့ပိုးမှုကြောင့် ဖြစ်သည်ဟု လက်မထောင်ကာ ပြောဆိုခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ အနေဖြင့် ပြုပြင် ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ပြီး “ဘယ်တော့မှ နောက်ပြန် လှည့်မှာ မဟုတ်ဘူး” ဟုဆိုသည်။ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး နှင့် အမျိုးသား ဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားမည် ဟု ပြောသည်။

၂၀၂၀ ခုနှစ်အထိ အစီအစဉ်အရ ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် တချိန်တည်းတွင် ရရှိရမည်ဟုပြောကြားသည်။

တရုတ်ကွန်မြူနစ် ပါတီ ( CPC) သည် စည်းမျဉ်းများ အတိုင်း ပိုမို ကောင်းမွန်စွာ လုပ်ဆောင် နိုင်ရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ဆိုသည်။

“လာဘ်စားမှုတိုင်းကို မညှာမတာ ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်” ဟုပြောသည်။

အာဏာပိုင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲများအား အစဉ်အမြဲသဘောပေါက် နားလည်သင့်ကြောင်း၊ ဆင်းရဲမှုလျော့ပါးစေရန် နှင့် လုံခြုံသည့် ဘဝများ တည်ဆောက်ပေးနိုင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

ပါတီဝင်များအားလုံး၊ လူထုတစ်ရပ်လုံးနှင့် တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့၏ ဉာဏ်ပညာများစုပေါင်းကာ ပြသနာများအဖြေရှာခြင်း၊ တီထွင်ဖန်တီးမှုများ ဆောင်ရွက်ခြင်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွ လုပ်ဆောင်သင့်ကြောင်း လည်း ပြောကြားခဲ့သည်။

Xi သည် ဟောင်ကောင်၊ ထိုင်ဝမ်အပါအဝင် တရုတ်လူမျိုးစု အားလုံးကို နှစ်သစ်ကူး ဆုတောင်းပေးခဲ့သည်။ ၎င်းသည် တောင်မှမြောက်သို့ ရေလမ်းကြောင်းလွှဲသည့် စီမံကိန်းကြောင့် ပြောင်းရွှေ့ရသော လ ၄ သိန်းကျော်အား နေရာ ပြန်လည် ချထားပေးကာ ၎င်းတို့၏ စွန့်လွှတ် အနစ်နာခံမှုကို လေးစားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အခြားတိုင်းပြည်များနှင့် ကုန်သွယ်မှုများ၊ APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး၊ ပြည်ပ ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံမှုများ၊ များစွာသော နိုင်ငံခြား ခေါင်းဆောင်များ တရုတ်ပြည်သို့ လာရောက်ခြင်းများကို ၎င်းအနေဖြင့် အမှတ်ရကြောင်း ပြောဆိုခဲ့သည်။

ထိုလှုပ်ရှားမှုများသည် ကမ္ဘာက တရုတ်နိုင်ငံအား အကောင်းဆုံး နားလည်စေခဲ့သည် ဟု ဆိုသည်။

၂၀၁၄ခုနှစ် စက်တင်ဘာလ၃ရက် နေ့ကို“ ဂျပန်၏ ကျူးကျော်ရန်စမှုကို တရုတ်ပြည်သူများ အနိုင်ရရှိသည့်နေ့” ဟုကြေညာ ခဲ့သည်။ စက်တင်ဘာ ၃၀ ရက်နေ့အား “အာဇာနည်”နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ ကို စစ်အတွင်း ကျဆုံးသူများ အမှတ်တရ အထိန်းအမှတ်နေ့ အဖြစ် သတ်မှတ်ခဲ့သည်။

“ဒီနှစ်မှာ ကျွန်တော်တို့ ဝမ်းနည်းမှုတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ ၁၅၀ မကတဲ့ တရုတ်လူမျိုးတွေ MH370 လေယာဉ် နဲ့အတူ ပျောက်ဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကိုမမေ့နိုင်ပါဘူး။ ဘယ်နည်းနဲ့မဆို ရှာဖွေ သွားမှာပါ” ဟုပြောသည်။

Xi က သဘာဝ ဘေးအန္တရာယ် နှင့် မတော်တဆမှုများ၊ လူ၆၀၀ ထက်မနည်းသေဆုံးခဲ့သည့် Ludian ငလျင်လှုပ်ခတ်မှုများ ကိုလည်း ဝမ်းနည်းကြောင်း ပြန်လည်ပြောခဲ့သည်။

အီဘိုလာ ဖြစ်ပွားနေသည့် အာဖရိက နိုင်ငံများအား တရုတ်နိုင်ငံမှ အကူအညီပေးခြင်း၊ ရေရှားပါးသည့် နိုင်ငံများအား ကူညီခဲ့ကြောင်းလည်း ပြောကြားသည်။

“တစ်ကမ္ဘာလုံးက လူသားအားလုံး ဆာလောင်မှုကနေ ကာကွယ်နိုင်ဖို့၊ စစ်ရဲ့ခြိမ်းခြောက်မှုတွေကနေ မိသားစုတိုင်း လွတ်လပ်စွာနေထိုင်နိုင်ရေး၊ ကလေးငယ်တွေ ငြိမ်းချမ်းရောင်ခြည်အောက်မှာ ရှင်သန်လာနိုင်ဖို့ ကျွန်တော်တို့ငြိမ်းချမ်းရေးအတွက် ရိုးသားစွာမျှော်လင့်ပါတယ်” ဟု သမ္မတ Xi က နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ (Xinhua)