Connect with us

Politics, Law & Military

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ချင်းသောင် ထိပ်သီးအစည်းအဝေးက ဘာကြောင့် ကမ္ဘာ့အာရုံကို ဆွဲဆောင်ထားရသလဲ


ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာက အထူးအရေးပါသော အာရုံစိုက်မှုအဖြစ် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization= SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့မှာ မကြာမီကျင်းပတော့မည် ဖြစ်သည်။

ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးကို SCO အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ နိုင်ငံများမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် စုဝေးကြမည်ဖြစ်သည်။

အဖွဲ့ဝင်တိုးချဲ့ပြီးနောက် ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး

ယခု ကျင်းပမည့် ထိပ်သီးအစည်းအဝေးသည် ၂၀၁၇ ခုနှစ် ဇွန်လက ကာဇက်စတန်နိုင်ငံ မြို့တော် Astana တွင် ပြုလုပ်သော ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အား အမြဲတမ်းအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများ တိုးပွားလာပြီးနောက် SCO တွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ စသဖြင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံဖြစ်လာခဲ့ပြီး လေ့လာသူနိုင်ငံ ၄ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၆ နိုင်ငံတို့ ရှိသည်။

၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပမည့် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့အလှရှုခင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“အဖွဲ့ဝင်သစ်များ ပါဝင်လာခြင်းက ယခုနှစ် ထိပ်သီးအစည်းအဝေးရဲ့ အဓိကအကြောင်းအရာတစ်ခုပါပဲ” ဟု နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်မှုသုတေသနစင်တာ သုတေသီ ရှန်း ရှီလျန်က ပြောကြားခဲ့သည်။

အဖွဲ့ဝင်သစ် တိုးချဲ့လာပြီးနောက် နိုင်ငံပိုင်နက်များ၊ လူဦးရေနှင့် စီးပွားရေး ခိုင်မာမှု ကြီးမားလာသည်နှင့်အမျှ SCO က ကမ္ဘာတွင် ခိုင်မာသော သြဇာလွှမ်းမိုးမှုရှိလာခဲ့သည်ဟု ရှန်းက ဆိုသည်။

အဖွဲ့ဝင် ၈ နိုင်ငံသည် အာရှနှင့် ဥရောပ ဆက်စပ်မြေပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိကာ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

အဖွဲ့ဝင်သစ် တိုးချဲ့ခြင်းက SCO ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ပြန့်သော ကြွယ်ဝချမ်းသာမှုများ၏ ရှင်းလင်းသော သက်သေဖြစ်ကြောင်း တရုတ်နိုင်ငံ Renmin တက္ကသိုလ်နှင့် အခြား တက္ကသိုလ် နှစ်ခုတို့တွင် Chongyang Institute for Financial Studies မှထုတ်ပြန်သော ပူးတွဲအစီရင်ခံစာ၌ ဖော်ပြထားသည်။

အဖွဲ့၏ တိုးတက်ခြင်းနှင့်အတူ အဖွဲ့ဝင်နိုင်ငံများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း ရုရှားနိုင်ငံ၊ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများအတွက် တရုတ်လူ့အဖွဲ့အစည်းလေ့လာမှု ခေါင်းဆောင် လီယုံချွမ်းက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာ

SCO အဖွဲ့ကို စတင်တည်ထောင်စဉ်ကတည်းက အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေးအဖြစ် အမြဲတစေထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

၎င်းတို့သည် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ချဲ့ထွင်ခြင်း၊ အကြမ်းဖက်မှု၊ အစွန်းရောက်မှုနှင့် ခွဲခြားဆက်ဆံမှုဟူသော “မိစ္ဆာအင်အား သုံးခု”အားချိုးဖျက်ခြင်း၊ အန္တရာယ်ရှိသော ကိစ္စရပ်များ တိုးပွားလာခြင်းကို ကာကွယ်ခြင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့သော တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးကို အထောက်အကူပြုစေခြင်း စသည်တို့ လုပ်ဆောင်ခဲ့သည်။

အဖွဲ့ ကြီးမားလာပြီးနောက် SCO ပခုံးပေါ်သို့ တာဝန်ခံမှုပိုမိုလာကာ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းရှိ ပြည်သူများမှ မျှော်လင့်ချက်များကိုပါ တာဝန်ယူလာရသည်။

လွန်ခဲ့သည့် ၁၇ နှစ်အတွင်း SCO သည် ဒေသတွင်း လုံခြုံရေးအပေါ်ကိုသာ အာရုံစိုက်သည်မဟုတ်ဘဲ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရေး၊ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများ မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများတွင်ပါ အလေးထား အာရုံစိုက်လာခဲ့သည်။

Chongyang Institute အစီရင်ခံစာ၌ ဖော်ပြထားချက်အရ SCO အဖွဲ့အစည်းသည် လူမှုရေးစနစ်များ၊ နိုင်ငံရေးသဘောတရားကိုက်ညီမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံများနှင့် ယဉ်ကျေးမှုများ အမျိုးမျိုးရှိသည့် နိုင်ငံများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

ရှန်ဟိုင်းစိတ်ဓာတ်ကို စောင့်ထိန်းခြင်း

SCO အဖွဲ့ တိုးချဲ့ခြင်းနှင့် အတိတ်က အောင်မြင်မှုများသည် မတူကွဲပြားသော ပြည်သူများအတွက် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးကျေးဇူးရှိမှု၊ တန်းတူညီမျှမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုနောက်သို့ ရှာဖွေခြင်း ဟူသော “ရှန်ဟိုင်းစိတ်ဓာတ်” ကို စောင့်ထိန်းလိုက်နာမှုအပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၁၇ နှစ်အတွင်း SCO ၏ ဖွံ့ဖြိုးတိုးတက်မှုအား အကျဉ်းချုပ်ဖော်ပြမည့် ချင်းသောင် ကြေညာစာတမ်းကို ယခုထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ရှန်ဟိုင်းစိတ်ဓာတ်အား အဖွဲ့ဝင်နိုင်ငံများအားလုံး ဆက်လက်စောင့်ထိန်းရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြီးခဲ့သည့် သတင်းပတ်က ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးအတွင်း ချင်းသောင် ကြေညာစာတမ်းအပြင် လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ စသည့်နယ်ပယ်များ၌ သဘောတူညီချက် ၁၀ ခုကျော် လက်မှတ်ရေးထိုးမည်ဟု ဝမ်က ဆိုသည်။

SCO ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များလည်း လာရောက်ကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.