Politics, Law & Military
ကိုရီးယားကျွန်းဆွယ်အရေးတွင် ပါဝင်နေသည့် နိုင်ငံများ ပဋိပက္ခ နှင့် စစ်မက် ဖြစ်ပွားခြင်းကို မလိုလားကြောင်း တရုတ်အစိုးရပြော
ပေကျင်း ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးတွင် ပဋိပက္ခများ နှင့် စက်မက်များဖြစ်ပွားမည်ကို ပါဝင်ပတ်သက်နေသည့် နိုင်ငံများက မလိုလားကြောင်း နှင့် ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်က ဧပြီလ ၂ဝ ရက်တွင် ပြောကြားလိုက်သည်။
သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် အနေဖြင့်လည်း ငြိမ်းချမ်းရေးကို လိုလားမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံအကြား တင်းမာမှုကို ဖြေလျှော့ရန် ကင်ဂျုံအန်အနေဖြင့် ငြိမ်းချမ်းရေးကို မည်၍မည်မျှ လိုလားသည်ဆိုသည့် အချက်တစ်ချက်က အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
နျူကလီးယား အရေးကိစ္စရပ်များကို အဖြေရှာရန်မှာ တွေ့ဆုံဆွေးနွေးခြင်း နှင့် စေ့စပ်ညှိနှိုင်းခြင်းကသာ တစ်ခုတည်းသော ထိရောက်မှုရှိမည့် ချည်းကပ်မှုပုံစံဖြစ်ကြောင်း နှင့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း လုခန် ကမှတ်ချက်ပြုပြောကြားခဲ့သည်။
“ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးအနေနဲ့ယေဘုယျကျတဲ့ သဘောတူညီချက်တစ်ခု ရရှိအောင် လုပ်ဆောင်ရမှာဖြစ်သလို လက်တွေ့ကျတဲ့ ကြိုးပမ်းအားထုတ်မှုမျိုးလည်း လုပ်ဆောင်ရမှာပါ” ဟု လုခန် က ဆိုသည်။(Xinhua)