Politics, Law & Military
ဂန္တဝင်ကစားသမား ရောင်မင်း အား တရုတ်နိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ ဂန္တဝင် ဘတ်စကက်ဘော ကစားသမား ရောင်မင်း အား ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်ကရွေးချယ်တင်မြောက် ခဲ့ကြောင်း သိရသည်။
အသက် ၃၇နှစ်အရွယ်ရှိရောင်မင်းသည် အစိုးရအဖွဲ့အစည်းမှ မဟုတ်ဘဲ ပြင်ပလူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယင်းရာထူးအားပထမဆုံးတာဝန်ပေးအပ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
ရောင်မင်း သည် ၁၉၈၀ ခုနှစ် တွင် တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့တွင် မွေးဖွား ခဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၁၇ နှစ်ချိန် မှ စတင်၍ တရုတ် အမျိုးသား ဘတ်စကက်ဘော ပြိုင်ပွဲ တွင် ဝင်ရောက် ကစား ခဲ့သည့် ကစားသမား တစ်ဦး ဖြစ်သည်။ ၁၉၉၈ ခုနှစ် တွင် တရုတ် အမျိုးသား ဘတ်စကက်ဘော လက်ရွေးစင် ကစားသမား အဖြစ် ရွေးချယ် ခံခဲ့ရပြီး ၂၀၀၄ ခုနှစ် အေသင် အိုလံပစ် နှင့် ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ် တို့တွင် တရုတ် အမျိုးသား အသင်းအား ဆီမီးဖိုင်နယ် တို့တက်ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သူ ဖြစ်သည်။
ဂန္တဝင် ဘတ်စကက်ဘော ကစားသမား ရောင်မင်း အားတွေ့ရစဉ် (ဆင်ဟွာ)
ဂန္တဝင် ဘတ်စကက်ဘော ကစားသမား ရောင်မင်း အားတွေ့ရစဉ် (ဆင်ဟွာ)
ဂန္တဝင် ဘတ်စကက်ဘော ကစားသမား ရောင်မင်း အားတွေ့ရစဉ် (ဆင်ဟွာ)
၂၀၀၂ ခုနှစ် တွင် ရောင်မင်း သည် အမေရိကန် NBA ဘတ်စကက်ဘော ပြိုင်ပွဲ ရှိ Houston Rockets အသင်းတွင် ပထမ ဦးဆုံးသော နိုင်ငံခြားသား အားကစားသမား အဖြစ် ပါဝင် ခဲ့ပြီး NBA ၏ အကောင်းဆုံး အားကစား သမား အသင်းတွင် ၈ ကြိမ် တိုင်တိုင် ရွေးချယ်ခြင်း ကိုခံခဲ့ရသည်။ ထို့ပြင် အမေရိကန် နိုင်ငံ နာမည်ကြီး မဂ္ဂဇင်း များ၏ အကောင်းဆုံး အားကစားသမား နှင့် အအောင်မြင်ဆုံး သူ အဖြစ် အကြိမ်ကြိမ် ဖော်ပြခြင်း ကိုခံခဲ့ရသည်။
ရောင်မင်း မှာ ၂၀၁၁ ခုနှစ် ဇူလိုင် လ ၂၀ ရက်နေ့တွင် အားကစား သမားဘဝ မှ တရားဝင် အနားယူခဲ့ပြီး တရုတ် နိုင်ငံ အားကစားအဖွဲ့ချုပ် နှင့် တရုတ် နိုင်ငံ အိုလံပစ် ကော်မတီ မှ ဆုတံဆိပ် များစွာ ကိုပေးအပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
ထိုပြင် ရောင်မင်း သည် ၂၀၀၈ ခုနှစ်က ကိုယ်ပိုင် ဖောင်ဒေရှင်း တစ်ခု ဖြစ်သည့် ရောင်မင်း ဖောင်ဒေရှင်း ကို ထူထောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ် များအား စာသင်ကြားနိုင်ရန် အဓိက ကူညီဆောင်ရွက် ခဲ့ကာ သဘာဝ ရှားပါး တိရစ္ဆာန် ကာကွယ်ရေး တွင်လည်း တက်ကြွစွာ လုပ်ဆောင် ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)