Connect with us

Politics, Law & Military

ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Bernard Cazeneuve ၏ ကိုယ်ရေးအကျဉ်း

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Cazeneuve အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Bernard Cazeneuve သည် ဖေဖော်ဝါရီလ ၂၁ ရက် မှ ၂၃ ရက် ထိ တရုတ်နိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ရာ ၎င်း၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို သိရှိနိုင်ရန် ရေးသား ဖော်ပြလိုက်ရသည်။

Cazeneuve ကို ၁၉၆၃ ခုနှစ် ဇွန်လ ၂ ရက်တွင် ပြင်သစ်နိုင်ငံ မြောက်ပိုင်း Oise ဒေသ ၊ Senlis မြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် Bordeaux မြို့ရှိ နိုင်ငံရေးသိပ္ပံကျောင်းမှ ဘွဲ့ရခဲ့ပြီးနောက် ၁၉၉၇ ခုနှစ် မှ ၂ဝဝ၂ ခုနှစ် နှင့် ၂ဝဝ၇ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အထိ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပင် Cazeneuve သည် ပြင်သစ်နိုင်ငံအမြင့်ဆုံး တရားရုံးချုပ် နှင့် ပြည်သူ့တရားရုံးများ၏ တရားသူကြီးအဖြစ်လည်း တာဝန်ယူခဲ့သည်။

တစ်ချိန်တည်းမှာပင် Cazeneuve သည် ၂ဝဝ၁ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အတွင်း နော်မန်ဒီဒေသရှိ Cherbourg-Octeville မြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ၏ ဥရောပရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ၊ ၂၀၁၃ ခုနှစ် မှ ၂ဝ၁၄ ခုနှစ်အတွင်း ဘတ်ဂျက်ဝန်ကြီးဌာနဝန်ကြီးအဖြစ် လည်းကောင်း ၊ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ Cazeneuve သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.