Politics, Law & Military
ဆယ်စုနှစ် ခြောက်ခုအတွင်း တရုတ်က အမေရိကန် ဒေါ်လာ ၅၈ ဘီလီယံရှိသော ဖွံ့ဖြိုးမှု အကူအညီများ ကမ္ဘာကို ပေးအပ်ခဲ့ကြောင်း အစိုးရ အစီရင်ခံစာက ဖော်ပြ

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း ခန့်မှန်းခြေ ယွမ် ၄၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ) ရှိသော ဖွံ့ဖြိုးမှု အကူအညီများအား ကမ္ဘာ့နိုင်ငံ ၁၆၆ ခုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်သည့် အစိုးရ အစီရင်ခံစာ (White Paper) က ဖော်ပြထားသည်။
“The Right to Development: China’s Philosophy, Practice and Contribution” ဟူသော ခေါင်းစဉ်ဖြင့် လက်ရှိ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဝန်ထမ်း ၁၂ သန်းအား သင်တန်းများ ပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်ရန်အတွက် အခြားနိုင်ငံများသို့ လူ ၆၀၀,၀၀၀ ဦးအား စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင် လူပေါင်း ၇၀၀ သည်လည်း အဆိုပါ အစီအစဉ်များအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
၂၀၀၈ ခုနှစ်မှစ၍ ကမ္ဘာ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ တင်ပို့ကုန် ၂၃ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ နေထိုင်မှု အဆင့်အတန်းများနှင့် စီးပွားရေး တိုးတက်မှု မြင့်မားရန်အတွက် ကမ္ဘာ့ တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ ထူထောင်ရန် စသဖြင့် အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ တရုတ်က ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီများလျှော်ပစ်ပေးခြင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု အသိပညာ စင်တာ တည်ထောင်ပေးခြင်း၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပါပြုထားသည့် အခြေခံ အဆောက်အအုံနှင့် ကုန်သွယ်မှု ကွန်ရက် တစ်ခု တည်ထောင်ခြင်းနှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း စသည်တို့အား လုပ်ဆောင်ခဲ့ကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။
လာမည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ် ၁၀၀၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၁၀၀၊ ကုန်သွယ်မှု အထောက်အပံ့ အစီအစဉ် ၁၀၀၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲရေး အစီအစဉ် ၁၀၀၊ ဆေးရုံနှင့် ဆေးခန်း အစီအစဉ် ၁၀၀၊ စာသင်ကျောင်းများနှင့် သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး စင်တာ ၁၀၀ စသည့် အစီအစဉ် ၁၀၀ အား အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၌ သင်တန်းပေါင်း ၁၂၀,၀၀၀ နှင့် ပညာသင်ဆု ၁၅၀,၀၀၀ အား လည်းကောင်း၊ သက်မွေးမှုဆိုင်ရာ နည်းပညာ ဝန်ထမ်း ဦးရေ ၅၀၀,၀၀၀ အား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)