Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ် နိုင်ငံက အပြုသဘော ဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားလို

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကိမ်းစွမ် အား နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်မြင်တွေ့ရစဉ်(တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန)

ပေကျင်း ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိမ်းစွမ် ( Geng Shuang ) က နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ ၏ ဆန္ဒ အပေါ် မူတည်ပြီး မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် တွန်းအားပေး ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ကိမ်းစွမ် က လက်ရှိ မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသတွင် ပြင်းထန်သည့် ပစ်ခတ် တိုက်ခိုက်မှု များထပ်မံ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ၊ လက်ရှိသိရှိရသော စာရင်းအရ မြန်မာ နိုင်ငံ နယ်စပ်ဒေသ ရှိ မြန်မာ ပြည်သူ ၃၀၀၀ ဦးခန့်သည် တရုတ် နိုင်ငံ နယ်နိမိတ် အတွင်း သို့ စစ်ဘေးရှောင် ဝင်ရောက် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အရ အဆိုပါ ဒုက္ခသည် များကို သင့်လျော်ကောင်းမွန်စွာနေရာ ချထားပေးခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ ပိုဆောင်ကာ ဆေးဝါးကုသမှု များဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တိုက်ပွဲများ ရပ်တန့်ပြီး အခြေအနေ ပြန်လည်ကောင်းလာသည့်နောက်တွင် စစ်ရှောင် မြန်မာ နိုင်ငံသားတို့အား မိမိတို့နေရပ်သို့ ဆောလျင်စွာ ပြန်နိုင်ခွင့်ရရန် မျှော်လင့်ကြောင်း ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တရုတ် နိုင်ငံ ပြည်သူ တစ်ဦး ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူပြီးနောက် ယခုအချိန်တွင် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီးဖြစ်ကြောင်း နှင့် နောက်ထပ် ဒဏ်ရာရသူမည်၍ မည်မျှ ရှိသည်ကို စာရင်းမရရှိသေးကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ကိမ်းစွမ် က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံအား သံတမန် လမ်းကြောင်း မှ တစ်ဆင့် အရေးဆိုခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နှစ်ဘက်အနေဖြင့် ထိန်းချုပ်ကာ စစ်ရေးဆောင်ရွက်မှု များကို ချက်ချင်းရပ်တန့်ရန် လွန်စွာ လိုလားကြောင်း ၊ အခြေအနေ ပိုမို ဆိုးရွားမှု ကို ရှောင်ရှားပြီး လက်တွေ့ထိရောက်သော ဆောင်ရွက်မှု များဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေး ပြန်လည် ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ အချုပ်အခြာ အာဏာ နှင့် နယ်စပ် ပြည်သူလူထု တို့၏ အသက်အိုးအိမ်လုံခြုံရေး ကို ထိခိုက်စေသည့် ကိစ္စရပ် များဖြစ်ပွားခြင်းကို ကာကွယ်ရှောင်ရှားရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.