Connect with us

Politics, Law & Military

တရုတ် နိုင်ငံအား ကျူးကျော်ခဲ့စဉ်က ဂျပန် နိုင်ငံ ၏ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရသူများအားရည်စူး၍ မိသားစု ကန်တော့ပွဲ နန်ကျင်းတွင် ကျင်းပ

နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရသူများအားရည်စူး၍ မိသားစု ကန်တော့ပွဲ တက်ရောက်လာသော မိသားစုဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နန်ကျင်း မြို့ အနောက်ဘက်တွင် တည်ရှိသော “တရုတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ဂျပန်စစ်တပ်၏ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှုကြောင့် သေဆုံးသူများ အထိမ်းအမှတ် ပြတိုက်” ၌ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နိုင်ငံအား ကျူးကျော်ခဲ့စဉ်က ဂျပန် နိုင်ငံ ၏ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရသူများအားရည်စူး၍ မိသားစု ကန်တော့ပွဲ တစ်ရပ်ကျင်းပ ခဲ့သည်။

ပြတိုက် ရှိ အမှတ်တရ နံရံ(လွမ်းဆွတ်ငိုကြွေးခြင်းနံရံ)ရှေ့၌ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှုတွင် လွတ်မြောက်ခဲ့သော အဖိုးအိုက “ဖခင်ဆုံးရှုံးခဲ့သည်မှာ ယခုချိန်တွင် ၇၉ နှစ်ရှိခဲ့ပြီ ကျွန်တော်သူ့ ကိုအရမ်းသတိရတယ်”ဟု ဖခင်ကိုလွမ်းဆွတ်ရင်း အထိမ်းအမှတ်နံရံပေါ်ရှိ ဖခင်၏ အမည်ကို ညွှန်ပြကာ ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့သည်။

တတိယမြောက် နိုင်ငံတော် အဆင့် စုပေါင်း ဂါရဝပြုပွဲ ရောက်ရှိ ခါနီးချိန်တွင် အထိမ်းအမှတ် ပြတိုက်တွင် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်၍ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုတို့မှ မိသားစု ကန်တော့ပွဲ များကို ကျင်းပ ပြုလုပ်ပေးခဲ့သည်။သေဆုံးသူများ၏ မိသားစုဝင်များမှာ ကျဆုံးခဲ့သူများ အမည်စရင်းရှေ့တွင် ပန်းစည်းများ ကပ်ခြင်း ၊ အမွှေးတိုင်များပူဇော်ခြင်း ၊ နှင့် ဆုတောင်းခြင်းများကိုပြုလုပ်ပြီး ကျဆုံးခဲ့သည့် မိသားစုဝင်များကို လွမ်းဆွတ် သတိရကန်တော့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လက်ရှိချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သော အဖိုးအို ယီချန်းရှန် က၎င်း၏ ဖခင် ယီပိဖူ သည် ထိုစဉ်က နန်ကျင်း ကျုံးဟွာမိန်၏ အနောက်ဘက်လမ်းတွင် ကျူးကျော်ဝင်ရောက်လာသော ဂျပန် တို့၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယခုချိန်ထိ ဖခင်၏ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ၊ နန်ကျင်းလူမျိုးတုံး သတ်ဖြတ်မှုသည် ၇၉ နှစ်ကြာခဲ့ပြီးဖြစ်သော်လည်း ကျွန်တော်အနေဖြင့် ထိုအချိန်က အမိနိုင်ငံအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခံရသည့် သမိုင်းကြောင်းကို ကျွန်တော်၏နောက်မျိုးဆက်များကို ပြောပြသွားမည်ဖြစ်ပြီး ၎င်းတို့မှ သမိုင်းကို စွဲမြဲစွာ မှတ်သားကာ ငြိမ်းချမ်းရေးကို ကြိုးစားအားထုတ်၍ လက်ရှိသာယာချမ်းမြေ့သည့်ဘဝကို တန်ဖိုးထားရန် ဆုံးမသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အသက် ၈၇ နှစ်ရှိသော အဖွားအို ရှာဆူးချင် မှာလည်း နန်ကျင်း လူမျိုးတုံးသတ်ဖြတ်မှုတွင် လွတ်မြောက်ခဲ့သူ တစ်ဦးဖြစ်ပြီး ယနေ့တွင် ၎င်း၏မျိုးဆက်သစ် မိသားစုဝင်များနှင့်အတူ ကျဆုံးခဲ့သည့် မိသားစုဝင်များကို လာရောက် ကန်တော့ခဲ့ကြသည်။၁၉၃၇ ခုနှစ်တွင် အဖွားအို ရှာဆူးချင်၏ အဖိုး၊အဖွား၊အမိ၊အဖစသည့် မိသားစုဝင် ၇ ဦး သည် ရက်စက်သည့် ကျူးကျော်ဝင်ရောက်သူ ဂျပန်များ၏ သေနတ်အောက်တွင် ကျဆုံးခဲ့ကြသည်။ထိုစဉ် ၈ နှစ်အရွယ်ရှိသော သူမ နှင့် ၄ နှစ်အရွယ်ရှိသော သူမ၏ ညီမ တို့မှာ ကံကောင်းထောက်မစွာ အဖြစ်ဆိုးမှ လွတ်မြောက်ခဲ့ကြသည်။

အဖွားအို ရှာဆူးချင် မှ “အဖြစ်ဆိုးပြီးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သည် ၊ ဂျပန် နိုင်ငံ အနေဖြင့် ကျူးလွန်ခဲ့သည့် နန်ကျင်းလူမျိုးတုံးသက်ဖြတ်မှု ကို အဘယ်ကြောင့် ဝန်မခံသလဲ” ဟု ဝမ်းနည်းမျက်ရည်ဝဲကာ ပြောကြားခဲ့သည်။ထို့နောက်တွင် အဖွားအိုမှ မိမိ အသက်ဆက်ရှင်နေသ၍ မိမိ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် သမိုင်းကို တရုတ် လူမျိုးတိုင်းကို ပြောပြသွားမည်ဖြစ်ကြောင်း ၊ ယနေ့ခေတ်လူငယ်များအား ယခုရရှိနေသော လူနေမှုဘဝအား ခက်ခဲစွာ ရယူခဲ့ရကြောင်း နှင့် ငြိမ်းချမ်းရေးမျိုးစေ့ကို သူတို့၏ရင်တွင်းမှ ပျံ့ပွားသွားအောင် ပြောပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု မိသားစု ကန်တော့ပွဲကို တက်ရောက်ခဲ့သည့် နန်ကျင်း မူလတန်းကျောင်းမှ ၆ တန်းကျောင်းသား ဝမ်ကျိရွဲ မှ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှု သမိုင်းကြောင်းသည် ကျွန်တော်တို့အားလုံး ထာဝရ မှတ်သားသင့်သည့် သမိုင်းဖြစ်ပြီး ကျွန်တော်တို့အနေဖြင့် ကျဆုံးခဲ့သူများကို ဝမ်းနည်းကြေကွဲစွာလွမ်းဆွတ်ရင်း ငြိမ်းချမ်းသာယာလှပသည့် ကမ္ဘာ့ရပ်ဝန်း တည်ဆောက်ရန် မိမိတို့တွင် တာဝန်ရှိသည်ကို သိရှိထားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် တရုတ် နိုင်ငံ အစိုးရ မှ ဥပဒေပြဌာန်းချက်ပုံစံဖြင့် ဒီဇင်ဘာ ၁၃ ရက်နေ့အား နန်ကျင်းလူမျိုးတုံးသတ်ဖြတ်ခြင်းခံရသူများ၏ နိုင်ငံတော်အဆင့်စုပေါင်း ဂါရဝပြုနေ့အဖြစ် သတ်မှတ်ခဲ့သည်။၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တွင်လည်း “တရုတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ဂျပန်စစ်တပ်၏ နန်ကျင်းလူမျိုးတုံးသတ်ဖြတ်မှုကြောင့် သေဆုံးသူများ အထိမ်းအမှတ် ပြတိုက်” တွင် မိသားစုအလိုက်လာရောက် ဂါဝရပြုကန်တော့ရန် ဖွင့်လှစ်ပေးခဲ့သည်။ဤကဲ့သို့ဆောင်ရွက်ခြင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သူများ၏ တဖြည်းဖြည်း ပျောက်ကွယ်တော့မည့် အတိတ်အဖြစ်အပျက်များကို နိုးကြားရန်နှင့် မိသားစု မျိုးနွယ်အဆက်ဆက်အနေဖြင့် မိသားစု အလိုက် လက်ဆင့်ကမ်း ဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ ၏ တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်စဉ် ပြုလုပ်ခဲ့သည့် နန်ကျင်း လူမျိုးတုံးသတ်ဖြတ်မှု နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နှင့် နိုင်ငံတကာမှ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာတွင် ဂျပန် နိုင်ငံ သည် ကျူးကျော်စစ်အတွင်း နန်ကျင်းမြို့တစ်ခုတည်းတွင်ပင် လူပေါင်း ၃ သိန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး များအား အဓမ္မပြုကျင့်မှုပေါင်း ၂၀,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.