Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် တို့ အိုဆာကာ မြို့ တွင် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေ တို့ က ဇွန်လ ၂၇ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေ တို့ က ဇွန်လ ၂၇ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လက်ရှိကမ္ဘာတွင် ရာစုနှစ် တစ်ခု အတွင်း မကြုံတွေ့ဖူးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး နိုင်ငံတကာ အခင်းအကျင်း မှာလည်း လျင်မြန်စွာ ပြောင်းလဲမှုများ ဖြစ်ပွား နေကြောင်း ၊ တရုတ်-ဂျပန် နှစ်နိုင်ငံ က ဘုံအကျိုးစီးပွား နှင့် အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ်များ အဆက်မပြတ် ပိုမိုများပြား လာခဲ့သောကြောင့် မိမိ တို့အနေဖြင့် ခေတ်ကာလသစ် လိုအပ်ချက် နှင့် ကိုက်ညီသည့် နှစ်နိုင်ငံ ဆက်ဆံရေး ကို တည်ဆောက်ပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အချက်တစ်ချက် ဖြစ်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က နှစ်နိုင်ငံ အနေဖြင့် တရုတ်-ဂျပန် နိုင်ငံရေး ကြေညာချက် စာတမ်း လေးခု တွင် ပါဝင်သည့် အချက်အလက်များ ကို လိုက်နာသွားရမည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား ငြိမ်းချမ်းသော ၊ ချစ်ကြည်ရင်းနှီးသော ၊ ပူးပေါင်းဆောင်ရွက်သော မှန်ကန်သည့် လမ်းစဉ်ဖြင့် ဖွံ့ဖြိုးတိုးတက်သွားရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ တိုးချဲ့ဆောင်ရွက်သွားရန် ကြိုဆိုပြီး တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို မျှဝေ ပေးသွားလိုကြောင်း ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး) ကို အတူတကွ တည်ဆောက်သွားပြီး တရုတ်-ဂျပန် အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရန် ကြိုဆိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များ တွင် ဆွေးနွေးမှု ၊ ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက် တို့ကို တိုးချဲ့သွားပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားကာ ကမ္ဘာလုံးဆိုင်ရာ စီမံအုန်ချုပ်မှု အား ပိုမို တရားမျှသ မှန်ကုန်စေရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံ မှ G20 အစည်းဝေး အောင်မြင်စွာ ကျင်းပ နိုင်ရန် တရုတ် နိုင်ငံ မှ ထောက်ခံအားပေးပြီး အစည်းအဝေး အတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နှင့် လွတ်လပ်စွာ ကုန်သွယ်မှု တို့ကို ထိန်းသိမ်းရန် ပြတ်သား သည့် ပြောဆိုမှုများ ကို ပြောကြားကြရန် မျှော်လင့်ကြောင်း အထူး ပြောကြား ခဲ့သည်။

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံ သမ္မတ ဂျပန် နိုင်ငံ တွင် G20 အစည်းအဝေး တက်ရောက်ခြင်း အပေါ် လှိုက်လှဲစွာ ကြိုဆိုပြီး တရုတ် နိုင်ငံ မှ ဂျပန် နိုင်ငံ ကျင်းပ ပေးသည့် G20 အစည်းအဝေး အား ထောက်ခံမှု အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုပြီး G20 အစည်းအဝေး တွင် အောင်မြင်မှုများ ရရှိနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် ခေတ်ကာလသစ် အခြေအနေ နှင့် ကိုက်ညီသည့် နှစ်နိုင်ငံ ဆက်ဆံရေး ကို တရုတ် နိုင်ငံ နှင့် အတူတကွ ကြိုးပမ်းတည်ဆောက် သွားလိုပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သွားရန် ဆောင်ရွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အဆင့်မြင့်အရာရှိ အနီးကပ် ဆက်ဆံမှု ကို ထိန်းသိမ်းသွားရမည် ဖြစ်ပြီး မိမိ အနေဖြင့် ဂျပန် နိုင်ငံ အစိုးရ ကိုယ်စား တရုတ် နိုင်ငံ သမ္မတ အား လာမည့်နှစ် နွေဦးပိုင်း အချိန်တွင် ဂျပန် နိုင်ငံ သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရင်းနှီးသည့် ဖလှယ်မှုများကို တိုးချဲ့ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆက်ဆံရေး ကို တိုးမြှင့်သွားလိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး လွတ်လပ်ပြီး တရားမျှတ သည့် ကုန်သွယ်ရေး စနစ် ကို ထိန်းသိမ်းသွားကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် ပိုမို တာဝန်ယူသွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ ခေါင်းဆောင် တို့ က ကိုရီးယား ကျွန်းဆွယ် အခြေအနေ နှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး ဂျပန် နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံ သမ္မတ ၏ လတ်တလောရက်ပိုင်း အတွင်း မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်လည်ပတ်ခြင်း သည် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် အရေးပါသည့် အပြုသဘောဆောင်သော ခရီးစဉ် တစ်ခု ဖြစ်ကြောင်း ချီးမွမ်းပြောကြား ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.