Politics, Law & Military
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ဒုတိယအကြိမ်မြောက် တရုတ်-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်အလွတ်သဘောဆွေးနွေးပွဲသို့တက်ရောက်ပြီး နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်

ပေကျင်း၊အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ဒုတိယအကြိမ်မြောက် တရုတ်-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ပြီး နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)