Connect with us

Politics, Law & Military

အမေရိကန်နိုင်ငံတွင် ကုန်သွယ်ရေးဆွေးနွေးမှုအသစ် ပြုလုပ်ရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှု အကြီးအကဲ ဖိတ်ကြားခံရ

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ အလံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအသစ်အတွက် ဝါရှင်တန်သို့သွားရောက်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် စီးပွားရေးဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲဖြစ်သူ လျူသည် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မြူချင် (Steven Mnuchin) တို့နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်မည်ဖြစ်သည်။

တရုတ် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် အဓိကအဖွဲ့ဝင်များမှာ ကုန်သွယ်ရေးဝန်ကြီး Zhong Shan ၊ တရုတ်နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Yi Gang ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ ဉက္ကဋ္ဌ Ning Jizhe ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယဘဏ္ဍာရေးဝန်ကြီး Liao Min ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zheng Zeguang ၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဒုတိယဝန်ကြီး Wang Zhijun ၊ ဗဟို စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်အဖွဲ့ရုံး လက်ထောက် ညွှန်ကြားရေးမှူးနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဒုတိယဝန်ကြီး Han Jun နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ် နိုင်ငံတကာ ကုန်သွယ်ရေး လက်ထောက်ကိုယ်စားလှယ် Wang Shouwen တို့ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.