Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေးတို့ တွေ့ဆုံ

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ် (Hamdullah Mohib) တို့ ဇန်နဝါရီလ ၁၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ် (Hamdullah Mohib) နှင့် ဇန်နဝါရီလ ၁၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် အာဖဂန် ဦးဆောင်ပြီး အာဖဂန်ပိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ရှေ့ဆက်တွန်းအားပေးခြင်းအတွက် အာဖဂန် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

အာဖဂန်နိုင်ငံ၏ အရေးကိစ္စအား နောက်ဆုံးတွင် အာဖဂန်ပြည်သူများကသာ ဆုံးဖြတ်သင့်သည်ကို တရုတ်နိုင်ငံအနေဖြင့် အစဉ် ထိန်းသိမ်းပါကြောင်း၊ ထို့ပြင် ဆက်စပ် နိုင်ငံများအားလုံးအနေဖြင့်လည်း အာဖဂန်၏ အချုပ်အခြာအာဏာ၊ အာဖဂန်ပြည်သူများ၏ ဆန္ဒနှင့် အာဖဂန်အစိုးရ၏ အခန်းကဏ္ဍအား လေးစားသင့်ပါကြောင်း ဝမ်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အာဖဂန် ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် လိုအပ်ချက်ကို အစဉ်အမြဲ ဆက်လက်ထောက်ပံ့ပေးရန် အသင့်ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ထို့နောက် အာဖဂန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ်ကလည်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍအတွက် အာဖဂန်နို်င်ငံမှ ကျေးဇူးတင်ရှိပါကြောင်းနှင့် အာဖဂန်နိုင်ငံ အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ဖလှယ်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.