Connect with us

Politics, Law & Military

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် ၂၀၁၉ ခုနှစ် ညီလာခံအစီအစဉ်ထုတ်ပြန်ကြေညာ

၂ဝ၁၈ ခုနှစ် ဘိုးအောက် ဖိုရမ်မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

အာရှဒေသဆိုင်ရာဘိုးအောက်ဖိုရမ်(BFA) ၏ ယခုနှစ်အတွက် နှစ်ပတ်လည်ညီလာခံကို တံခါးဖွင့်စီးပွားရေး ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး နှင့် တီထွင်ဆန်းသစ်ရေး ဦးတည်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး လီပေါင်တုန်(Li Baodong) က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း(Hainan) ပေါ်ရှိ ဘိုးအောက်မြို့၌ မတ် ၂၆ ရက် မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ “ မျှဝေအနာဂတ် ၊ စုပေါင်းလှုပ်ရှားမှု ၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး” ဟူ၍ဖြစ်ကြောင်း လီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ညီလာခံတွင် ကမ္ဘာ့စီးပွားရေးတံခါးဖွင့်ခြင်း နှင့် တီထွင်ဆန်းသစ်မှုမောင်းနှင်အားဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်း အပါအဝင် မော်ဂျူးခေါင်းစဉ် ၅ ခုကို ဆွေးနွေးရန် အစည်းအဝေးပေါင်း ၅ဝ ကျော် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ညီလာခံတက်ရောက်လာသူများအတွက် အားလုံးပါဝင်ဆွေးနွေးနိုင်ရေး ပလက်ဖောင်းတစ်ခုကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု တည်ဆောက်ရေး သဘောတူညီချက်အတွက် ရှင်းလင်းသော သတင်းစကားတစ်ခုကိုလည်း ပါးသွားမည်ဖြစ်ကြောင်း လီက ဆိုသည်။

“ ကမ္ဘာလုံးဆိုင်ရာဝါဒ နဲ့ လွတ်လပ်သောကုန်သွယ်ရေး စနစ်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ် ” ဟု လီက ဆိုသည်။

“ တံခါးဖွင့်ခြင်း နဲ့တီထွင်ဆန်းသစ်ခြင်းဟာ ကမ္ဘာ့စီးပွားရေး နဲ့ကမ္ဘာလုံးဆိုင်ရာရာဝါဒ စဉ်ဆက်မပြတ် အောင်မြင်မှုရဖို့အကောင်းဆုံးရွေးချယ်စရာဖြစ်ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ၊ တွေ့ဆုံဆွေးနွေးရေး နဲ့ပူးပေါင်းဆောင်ရွက်ရေးဟာ နိုင်ငံအများစုအတွက် မျှဝေခြင်း စိတ်ခွန်အားတွေပဲဖြစ်ပါတယ် ” ဟု ၎င်းကပြောကြားခဲ့သည်။(Xinhua)