Politics, Law & Military
တရုတ်နိုင်ငံသို့ လာအိုသမ္မတ အလည်အပတ် လာရောက်မည်
ပေကျင်း၊ ဧပြီလ ၂၉ ရက် (ဆင်ဟွာ)
လာအို ပြည်သူ့ လွတ်မြောက်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ်၊ လာအို နိုင်ငံ သမ္မတ Bounnhang Vorachit သည် တရုတ်နိုင်ငံသို့ လာမည့် အပတ်အတွင်း အလည်အပတ် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ လာအို သမ္မတ Bounnhang Vorachit သည် တရုတ်နိုင်ငံသို့ မေလ ၃ ရက်မှ ၅ ရက်အထိ တရားဝင် အလည်အပတ် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ၏ နိုင်ငံတကာဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)