Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

ဂျပန်နိုင်ငံခြားရးဝန်ကြီး ဖူမီယို ကီရှီဒါနှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါတို့သည် ဧပြီလ ၃၀ ရက် နေ့လည် ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

ကီရှီဒါသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်နေ့အထိ ရောက်ရှိနေခြင်း ဖြစ်သလို ဂျပန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး၏ လေးနှစ်ခွဲအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။

ဧပြီလ ၃၀ ရက် အစောပိုင်းကလည်း ကီရှိဒါသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံခဲ့သလို တရုတ်နိုင်ငံတော် ကောင်စီဝင် ယန် ကျဲ့ချီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117