Politics, Law & Military
ပိုးလမ်းမကြီး ထိပ်သီး အစည်းအဝေးသို့ တရုတ် ထိပ်တန်း ဥပဒေပြု လွှတ်တော်အမတ် တက်ရောက်မည်

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)
ဟောင်ကောင်တွင် မေလ ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်မည့် ပိုးလမ်းမကြီး ထိပ်သီး အစည်းအဝေးသို့ တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြု လွှတ်တော်အမတ်ဖြစ်သော ကျန်းတယ်ကျန်း (Zhang Dejiang) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် အမျိုးသား ဥပဒေပြု လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ကျန်းသည် မေလ ၁၈ ရက်တွင် Hong Kong Convention and Exhibition Centre ၌ ပြုလုပ်မည့် ခေတ်သစ် ပိုးလမ်းမကြီး ထိပ်သီး အစည်းအဝေး၌ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
၎င်း၏ ဟောင်ကောင် ခရီးစဉ်အတွင်း အငြင်းပွားဖွယ်ရာ ကိစ္စများထက် စီးပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ကိစ္စရပ်များအား အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်းသည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ဟောင်ကောင်သို့ သွားရောက်သည့် ပထမဆုံး နိုင်ငံ့ ထိပ်တန်း အဆင့်မြင့်အရာရှိ တစ်ဦးလည်း ဖြစ်သည်။ (Xinhua)