Politics, Law & Military
ပူတင်၏ တရုတ်နိုင်ငံ ခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ မကြာမီလာရောက်မည့် တရုတ်နိုင်ငံခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွန်းအားသစ်ဖြစ်စေမည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ပူတင်သည် ဇွန်လ ၈ ရက်မှ ၁၀ ရက်အထိ ချစ်ကြည်ရေးခရီးနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ချင်းသောင် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ သမ္မတ ပူတင်သည် သမ္မတသက်တမ်းကာလအသစ်အတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်သလို ယခုနှစ်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဟွာချွမ်းရင်က ပြောကြားခဲ့သည်။
“တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ နယ်ပယ်မျိုးစုံတွင် နှစ်နိုင်ငံ ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအတွက် ကြီးမားပြီး အရေးပါတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ဟွာက ဆိုသည်။
ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပူတင်တို့အကြား ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ သဘောတူလက်မှတ်ရေးထိုးပွဲ၊ ကြိုဆိုဧည့်ခံပွဲများသို့ တက်ရောက်ကြမည်ဖြစ်ကာ နှစ်နိုင်ငံ အရေးကိစ္စများ အမြင်ချင်းဖလှယ်ခြင်း၊ အဓိက နယ်ပယ်များနှင့် အခြား နိုင်ငံတကာနှင့် ဒေသတွင်း ဘုံကိစ္စများ၌ အမြင်ချင်းဖလှယ်ခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဟွာက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် အရေးပါသော နိုင်ငံရေး သဘောတူညီချက်များ ထုတ်ပြန်ရန်နှင့် နယ်ပယ်မျိုးစုံ၌ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ဟွာက ဆိုသည်။ (Xinhua)