Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lindiwe Sisulu တို့ တွေ့ဆုံ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ပရီတိုးရီးယား ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lindiwe Sisulu တို့က ဇွန်လ ၄ ရက်နေ့ ၌ ပရီတိုးရီးယား မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က တောင်အာဖရိက နိုင်ငံ တွင် ဇူလိုင်လ ၌ BRICS ထိပ်သီး အစည်းအဝေး ကျင်းပ သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း စက်တင်ဘာ တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ဆွေးနွေးပွဲ အား ဦးစီး ကျင်းပ သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ယင်း အဓိက နိုင်ငံခြားရေး အစည်းအဝေး နှစ်ရပ်ကို ဦးတည်၍ ခိုင်မြဲစွာ အပြန်အလှန် ထောက်ခံအားပေးပြီး အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ကာ မဟာဗျူဟာ အရ ချိတ်ဆက်မှု ကို လက်တွေ့အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်သည့် နှစ် ၂၀ ပြည့် အချိန်အခါ တွင် နှစ်နိုင်ငံ အနေဖြင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အား ပိုမိုမြင့်မား သည့် အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ၎င်း ဆက်ဆံရေး ၏ သက်ရောက်မှု မှာလည်း နှစ်နိုင်ငံ အတွက်သာ မဟုတ်ဘဲ တဖြည်းဖြည်း ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု သို့ ရောက်ရှိ လာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ အခြေအနေ မှာ ရှုပ်ထွေးစွာ ပြောင်းလဲမှု များ ဖြစ်ပေါ်နေသောကြောင့် နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ အရ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားပြီး နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို လက်တွေ့ကျအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အား ပိုမို အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မိမိ တို့၏ ဗဟို အကျိုး စီးပွား နှင့် အရေးကြီး ကိစ္စရပ် များတွင် အပြန်အလှန် နားလည်မှု နှင့် အပြန်အလှန် ထောက်ခံ အားပေးမှု တို့ကို ဆက်လက် ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တောင်အာဖရိက နိုင်ငံ အား နိုဝင်ဘာလ တွင် ရှန်ဟိုင်း ၌ ကျင်းပ မည့် ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ သို့ တက်ရောက်ရန် ဖိတ်ခေါ် ပြီး တောင်အာဖရိက နိုင်ငံ သမ္မတ Cyril Ramaphosa အဆိုပြုသည့် “ရင်းနှီးမြှုပ်နှံမှု ဖော်ဆောင်မှု အသစ်” ကို အလေးထား ကာ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ တို့အား တောင်အာဖရိက ရင်းနှီးမြှုပ်နှံမှု ညီလာခံ နှင့် အလုပ်အကိုင် အခွင့်အလမ်း ထိပ်သီး အစည်းအဝေး သို့ တက်ရောက်ကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

Lindiwe Sisulu က တောင်အာဖရိက နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ချစ်ကြည်ဆက်ဆံရေး အား လွန်စွာ တန်ဖိုးထားပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ဆက်ဆံရေး ကို လွန်စွာ အလေးထားကြောင်း ၊ တောင်အာဖရိက နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ ၏ တည်ရှိပြီး ဖြစ်သော ချစ်ကြည် ဆက်ဆံရေး ကို ပိုမို ခိုင်မြဲစေလိုသည့် အပြင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အား ပိုမို မြင့်မား သည့် အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက် လိုကြောင်း ၊ တောင်အာဖရိက နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ BRICS အစည်းအဝေး တက်ရောက်စဉ် တောင်အာဖရိက နိုင်ငံ သို့ နိုင်ငံတော် အဆင့် လည်ပတ်ရေး ခရီးစဉ် လာရောက်မည့် အပေါ် မျှော်လင့်နေပြီး ယင်းမှာလည်း တောင်အာဖရိက နိုင်ငံ သမ္မတ Cyril Ramaphosa ပထမ ဦးဆုံး ကြိုဆိုမှု ပြုလုပ်မည့် နိုင်ငံတော် အဆင့် အလည်အပတ် ခရီးစဉ် ဖြစ်ကြောင်း ၊ ယခု နှစ် BRICS အစည်းအဝေး အား တောင်အာဖရိက နိုင်ငံ ၌ ကျင်းပခြင်း အပေါ် တရုတ် နိုင်ငံ ၏ ထောက်ခံအားပေးမှု ကို ကျေးဇူးတင်ရှိပြီး တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ကာ BRICS ထိပ်သီး အစည်းအဝေး နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ဆွေးနွေးပွဲ အား အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ၊ တောင်အာဖရိက နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ခိုင်မြဲစွာ လက်ခံထားရှိပြီး တရုတ် နိုင်ငံ နှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တွင် ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေး ကို အဆက်မပြတ် ခိုင်မြဲစေရန် နှင့် လက်တွေ့ကျစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.