Politics, Law & Military
မာလီ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည့် တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ ပေကျင်းသို့ ပြန်လည် ရောက်ရှိ
ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မာလီနိုင်ငံတွင် မေလပိုင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု အတွင်း ဒဏ်ရာ ရရှိခဲ့သော တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
မာလီ အကြမ်းဖက် တိုက်ခိုက်မှု၌ ဒဏ်ရာရရှိခဲ့သည့် တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် လေးဦး အနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ပေကျင်းသို့ ဇွန်လ ၂၇ ရက်တွင် လေးဦးစလုံး ပြန်လည် ရောက်ရှိလာခဲ့သည်။
ပေကျင်းသို့ ပြန်လည်ရောက်ရှိလာသည့် တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်းသို့ ပြန်လည်ရောက်ရှိလာသည့် တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)
အသက် ၂၉ နှစ်အရွယ် စိန်လျန်လျန် အမည်ရှိ တရုတ်နိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တစ်ဦးသည် မေလ ၃၁ ရက်နေ့ မာလီနိုင်ငံ မြောက်ပိုင်း ရှိ Gao မြို့ရှိ ကုလသမဂ္ဂ စခန်း အား ကားဗုံးဖြင့် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)