Connect with us

Politics, Law & Military

အမျိုးသမီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အတွက် တရုတ်နှင့် UN Women က သင်တန်းပေး

အမျိုးသမီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အမျိုးသမီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအတွက် တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနနှင့် UN Women အဖွဲ့တို့က ပူးတွဲ သင်ကြားပေးမည့် သင်တန်းတစ်ခုအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇွန်လ ၂၇ ရက်က စတင်လိုက်ကြောင်း သိရသည်။

၁၀ ရက် ကြာမြင့်မည့် အဆိုပါ သင်တန်းအား စစ်ဘက်ဆိုင်ရာ အမျိုးသမီး အရာရှိ ၄၀ ဦး တက်ရောက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း၊ လူသားချင်း စာနာထောက်ထားသည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း ၊ အမျိုးသမီးများနှင့် ကလေးများအား ကာကွယ်ခြင်းနှင့် အင်အား အသုံးပြုခြင်း စသည်တို့အား သင်ကြားပေးသွားမည် ဖြစ်သည်။
သင်တန်း တက်ရောက်ရန် UN Women ကရွေးချယ်သည့် အရာရှိများတွင် တရုတ်နိုင်ငံမှ ၉ ဦး ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန အဆင့်မြင့် အရာရှိ စုကွမ်းဟွေ့က ယခု သင်တန်းသည် သင်တန်း တက်ရောက်သူတွေကို စွမ်းရည် မြှင့်တင်ပေးခြင်းသာမကဘဲ သက်ဆိုင်ရာ နိုင်ငံများအတွက်လည်း ပူးတွဲ စစ်ဆင်ရေးအတွက် အမျိုးသမီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ ပါဝင်လာစေရန် အခွင့်အလမ်းများ တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုလို သင်တန်း ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရာ၌ ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေး နိုင်ငံတကာ ကတိကဝတ်အား ကောင်းစွာ ယုံကြည်ကြောင်းနှင့် ဖြည့်ဆည်းဆောင်ရွက်သွားခြင်းအား ပြသရာရောက်ကြောင်း စုက ပြောသည်။
တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂,၀၀၀ အား သင်တန်းပေးရန် ၂၀၁၅ ခုနှစ်က ကတိပြုခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး စစ်ဆင်ရေး ၂၄ ခုသို့ တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော် စေလွှတ်ထားခဲ့သလို တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၁ ဦးမှာလည်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.