Connect with us

Politics, Law & Military

ကျူးဘားနိုင်ငံ သမ္မတ၏ အထူးသံတမန်နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ကျူးဘားနိုင်ငံ သမ္မတ ရော ကက်စထရို၏ အထူး သံတမန် Salvador Valdes Mesa တို့ ဇွန်လ ၂၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံ သမ္မတ ရော ကက်စထရို (Raul Castro) ၏ အထူး သံတမန် Salvador Valdes Mesa အား ဇွန်လ ၂၇ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကြာ ကျူးဘား၏ အောင်မြင်မှုအား ရှီက ဂုဏ်ပြု ပြောကြားလိုက်ပြီး ကျူးဘား ပြည်သူများ အနေဖြင့် သမ္မတ ရောကက်စထရိုနှင့် အတူ ဆိုရှယ်လစ် လမ်းစဉ်အတိုင်း PCC ဗဟိုကော်မတီသစ် ၏ ဦးဆောင်မှု အောက်၌ ပိုမိုအောင် မြင်သွားမည်ဟု ယုံကြည်ကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာ စစ်ပွဲများအတွင်း ပြောင်းလဲမှုများအား ကြံ့ကြံ့ခံခဲ့သည့် တရုတ်နှင့် ကျူးဘား နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ဘုံသဘောထား တစ်ခုအား နှစ်နိုင်ငံ မျှဝေသွားမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က သမ္မတရှီ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ် အချိန်အား ပြန်လည် သတိရလျက် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအား ခိုင်မာစေရန် မျှော်လင့်ထားကြောင်း ရှီက ဆိုသည်။
ကျူးဘားနိုင်ငံ သမ္မတ ရော ကက်စထရို၏ အထူး သံတမန် Salvador Valdes Mesa ကလည်း ကျူးဘားနှင့် တရုတ်နိုင်ငံကြား ရှိနှင့်ပြီးသား ခင်မင်ရင်းနှီးမှုအား ရင်ဝယ် ပိုက်ထားသလို နှစ်နိုင်ငံ နိုင်ငံရေး အဖွဲ့အစည်းများ နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး၏ ကြီးမားသော အရေးပါမှုအား ကျူးဘား ခေါင်းဆောင်သစ်က အလေးထား ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အုပ်ချုပ်မှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အနီးကပ်ဖလှယ်ရေးအား ကျူးဘား အစိုးရက မျှော်လင့် ထားကြောင်းလည်း Valdes ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.