Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး နှင့် အကြမ်းဖက်မှုကို တိုက်ဖျက်သွားမည်ဟု တရုတ်နိုင်ငံပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း နှင့်မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါးတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကော်သည် ပေကျင်းမြို့၌ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မဲခေါင်ဒေသ နဲ့တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး နဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့မျှော်လင့်ထားပါတယ်” ဟု ကော်က ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံတော်ကောင်စီဝင်က တရုတ်မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်သွားရန် တွန်းအားပေး ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်သွားရန် နှင့် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.