Politics, Law & Military
မြောက်ကိုရီးယားနိုင်ငံသို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သွားရောက်လည်ပတ်မည်

ပေကျင်း ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ သည် မေလ ၂ ရက် မှ ၃ ရက် အထိ မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ယနေ့ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိယောင်ဟို ( Ri Yong Ho) ၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း လုခန် ၏ ပြောကြားချက်အရ သိရသည်။(Xinhua)