Politics, Law & Military
ဟောင်ကောင်နှင့် မကာအိုကိစ္စရေးရာများအပေါ် စွက်ဖက်ရန် ပြည်ပမှအင်အားစုများကို တရုတ်နိုင်ငံက ခွင့်ပြုမည်မဟုတ်
မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင်နှင့် မကာအိုရေးရာများ၌ ပြည်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မည်ကို တရုတ်နိုင်ငံက ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ အမျိုးသား အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို စောင့်ထိန်းသွားရန် လိုလားချက်မှ ခိုင်မာကြောင်း အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ရှီက ပြောခဲ့သည်။
“ကျွန်တော် ဒီမှာ အလေးအနက်ပြောလိုတာက အမိမြေထံ ဟောင်ကောင်နဲ့ မကာအို ပြန်လည်ရောက်ရှိပြီးနောက်မှာ ဒီအထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး လုံးလုံးလျားလျား ဖြစ်သွားပြီး မည်သည့် ပြည်ပအင်အားစုများမှ လက်ညှိုးထိုးစရာမလိုပါဘူး” ဟု သမ္မတ ရှီက ဆိုသည်။ (Xinhua)