Connect with us

Politics, Law & Military

ဟောင်ကောင် နှင့် မကာအို က အမိမြေ နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြော သည့် လမ်းကြောင်း က ပိုမို ကျယ်ပြန့်ရှည်လျား မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မကာအို ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ၌ တရုတ် လူမျိုးတစ်ရပ်လုံး ပြန်လည်ထွန်းတောက် စေမည့် ခြေလှမ်းများ ကို တားဆီး နိုင်မည် မဟုတ်ဘဲ ဟောင်ကောင် နှင့် မကာအို က အမိမြေ နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြော သည့် လမ်းကြောင်း က ပိုမို ကျယ်ပြန့်ရှည်လျား မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က နှစ်ပေါင်း ၃၀ ကျော် အတွင်း တစ်နိုင်ငံ စနစ်နှစ်မျိုး ဆောင်ရွက်မှု က လက်တွေ့ အောင်မြင်မှုများ ရရှိခဲ့သည် ကို နိုင်ငံအသီးသီး မှ သိရှိထားပြီး ဖြစ်ကြောင်း ၊ တစ်နိုင်ငံ စနစ်နှစ်မျိုး ဆောင်ရွက်မှု ကိုလည်း လက်တွေ့ဆောင်ရွက်စဉ် အတွင်း အဆက်မပြတ် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က ဟောင်ကောင် ၊ မကာအို နှင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့တွင် တစ်နိုင်ငံစနစ်နှစ်မျိုး ဆောင်ရွက်မှု အား ပိုမို ဖွံ့ဖြိုးတိုးတက်နိုင်စေသည့် အသိပညာ နှင့် လုပ်ဆောင်နိုင်စွမ်း တို့ ရှိသည့် ကို ခိုင်မြဲစွာ ယုံကြည်ကြောင်း ၊ တစ်နိုင်ငံစနစ်နှစ်မျိုး ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး အထူးအုပ်ချုပ်ခွင့်ရဒေသ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.