Connect with us

Science & Technology

တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် လွှတ်တင်

ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် Gaofen-12 ကို Long March-4C ဒုံးပျံဖြင့် နိုဝင်ဘာ ၂၈ ရက်က ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၂၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၅၂ နာရီတွင် အာကာသအတွင်းသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။

Gaofen-12 အမည်ရှိ ဂြိုဟ်တုအား Long March-4C ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ယင်းသည် Long March သယ်ဆောင်ရေးဒုံးပျံများ၏ ၃၂၀ ကြိမ်မြောက် ပျံသန်းခြင်းခရီးစဉ်လည်း ဖြစ်သည်။

ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် Gaofen-12 ကို Long March-4C ဒုံးပျံဖြင့် နိုဝင်ဘာ ၂၈ ရက်က ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် Gaofen-12 ကို Long March-4C ဒုံးပျံဖြင့် နိုဝင်ဘာ ၂၈ ရက်က ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် Gaofen-12 ကို Long March-4C ဒုံးပျံဖြင့် နိုဝင်ဘာ ၂၈ ရက်က ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ် Gaofen-12 ကို Long March-4C ဒုံးပျံဖြင့် နိုဝင်ဘာ ၂၈ ရက်က ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြင့်မားသောရုပ်ထွက်ကြည်လင်မှု (High-Definition) ရှိသည့် ကမ္ဘာမြေလေ့လာစူးစမ်းမှု စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိုက်ခရိုဝေ့ အဝေးထိန်းအာရုံခံစနစ်ပါဝင်သော Gaofen-12  ဂြိုဟ်တုသည် ပုံရိပ်ပြတ်သားမှု ပိုမိုကောင်းမွန်သော ဓာတ်ပုံများ ထောက်ပံ့ပေးနိုင်စွမ်းရှိကြောင်း သိရသည်။

Gaofen-12 ဂြိုဟ်တုအား မြေပြင်စစ်တမ်းများ၊ မြို့ပြစီမံကိန်း၊ လမ်းကွန်ရက်ဒီဇိုင်းနှင့် လယ်ယာစိုက်ခင်း တွက်ချက်မှုနှင့် သဘာဝဘေးလျော့ပါးရေး စသည်တို့တွင် အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ဂြိုဟ်တုသည် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ စီမံကိန်းများတွင် ပါဝင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Gaofen-12 ဂြိုဟ်တုနှင့် သယ်ဆောင်ရေးဒုံးပျံအား တရုတ် အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းအောက်ရှိ ရှန်ဟိုင်း အာကာသယာဉ်နည်းပညာတက္ကသိုလ်က ပြုလုပ်ထားခြင်း ဖြစ်သည်။ (Xinhua)