Connect with us

Science & Technology

ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ ဟဲဖေ-အန်းချင့် ရထားလမ်းပိုင်း ဖွင့်လှစ်ပြေးဆွဲ

ဟဲဖေတောင်ပိုင်းဘူတာမှ အန်းချင့်သို့ ပြေးဆွဲသည့် G8311ကျည်ဆန်ရထားကြီးအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲဖေ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

G8311ကျည်ဆန်ရထားကြီးသည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်တွင် ဟဲဖေတောင်ပိုင်းဘူတာမှ အန်းချင့်သို့ မောင်းနှင်ခဲ့ရာ ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ ဟဲဖေ-အန်းချင့်ရထားလမ်းပိုင်း တရားဝင်စတင် ဖွင့်လှစ်ပြေးဆွဲပြီဖြစ်သည်။ မြို့နှစ်မြို့အကြားသွားလာမှုမှာ အမြန်ဆုံး ၁ နာရီ ၁၃ မိနစ်သာကြာကြောင်း သိရသည်။

ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ ဟဲအန်း(ဟဲဖေ-အန်းချင့်)ရထားလမ်းပိုင်းသည် အန်းဟွေးပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ ရထားလမ်းအရှည်စုစုပေါင်း ၁၇၆ ကီလိုမီတာရှိပြီး တစ်နာရီလျှင် မြန်နှုန်း ကီလိုမီတာ ၃၅၀ ဖြင့်ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ ဟဲဖေနန်၊ ဖေရှီး၊ ဆူးချန်တုန်း၊ လုကျန်းရှီ၊ ထုန်ချန်တုန်း၊ ထုန်ချန်နန်၊ အန်းချင့် စသည့် ဘူတာများကို ဖြတ်သန်းပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

ဟဲဖေတောင်ပိုင်းဘူတာမှ အန်းချင့်သို့ ပြေးဆွဲသည့် G8311ကျည်ဆန်ရထားကြီးအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲအန်း ရထားလမ်းပိုင်း ဖွင့်လှစ်ပြီးနောက် ရထားပို့ဆောင်ရေးဌာနက ကျည်ဆန်ရထားအသွားအပြန် ခရီးစဉ် ၅ ကြိမ် ထားရှိမည်ဖြစ်ရာ ကနဦးအနေဖြင့် ၁ နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းနှင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ဟဲဖေမှ အန်းချင့်သို့ ကြာချိန်အမြန်ဆုံး ၁ နာရီ ၁၃ မိနစ်ဖြင့် ရောက်ရှိနိုင်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် တစ်နိုင်ငံလုံး ရထားလမ်း လည်ပတ်မှုများ ချိန်ညှိပြီးနောက် ပုံမှန်လမ်းကြောင်းနှင့် အထူးလမ်းကြောင်းဟူ၍ စီစဉ်ပေးမည်ဖြစ်ရာ ကနဦးကာလတွင် နေ့စဉ်ပြေးဆွဲမှု အများဆုံးအဖြစ် အသွားအပြန် ခရီးစဉ် ၁၃ ကြိမ် ထားရှိမည်ဖြစ်ရာ ပုံမှန်ပြေးဆွဲလမ်းကြောင်းတွင် ၁၂ ကြိမ် ၊ အထူးလမ်းကြောင်းအတွက် ၁ ကြိမ် ရှိမည်ဖြစ်ကြောင်း သိရသည်။

ဟဲဖေတောင်ပိုင်းဘူတာမှ အန်းချင့်သို့ ပြေးဆွဲသည့် G8311ကျည်ဆန်ရထားကြီးအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အန်းဟွေးပြည်နယ် ဖေရှီးဟွားကန်အထူးတံတားကြီးပေါ်တွင် မောင်းနှင်သွားသော ကျည်ဆန်ရထားကြီးတစ်စီးအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အန်းဟွေးပြည်နယ် ဖေရှီးဟွားကန်အထူးတံတားကြီးပေါ်တွင် မောင်းနှင်သွားသော ကျည်ဆန်ရထားကြီးတစ်စီးအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲအန်းရထားလမ်းအပိုင်းသည် တရုတ်နိုင်ငံ၏ အလျားလိုက် ရထားလမ်းကြောင်း (၈) ခုနှင့် ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု ပေါင်းစပ်ရာ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် ပေကျင်း-ဟောင်ကောင် လမ်းကြောင်း၏ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ ၎င်းလမ်းကြောင်း၏ မြောက်ဘက်စွန်းတွင် ဆန်းချိုး-ဟဲဖေ-ဟန်ကျိုး ၊ ဟဲဖေ-နန်ကျင်း၊ ဟဲဖေ-ဖူကျိုး မြန်နှုန်းမြင့်ရထားလမ်းများနှင့် ချိတ်ဆက်ထားပြီး တောင်ဘက်စွန်း အန်းချင့်တွင် နန်ကျင်း-အန်းချင့် ရထားလမ်းဖြင့်လည်းကောင်း၊ ဆောက်လုပ်နေဆဲဖြစ်သည့် ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း အန်းချင်-ကျိုကျန်း ရထားလမ်းအပိုင်းဖြင့်လည်းကောင်း ချိတ်ဆက်ထားသည်။ ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း ဟဲအန်း ရထားလမ်းအပိုင်းတည်ဆောက်ပြီးစီး ဖွင့်လှစ်မှုသည် ယန်ဇီမြစ်ကြောင်းတစ်လျှောက်စီးပွားရေးဒေသဇုန်၏ ရထားသံလမ်းဖြန့်ကျက်စီမံမှုကို ပို၍ ပြည်စုံစေခဲ့ကြောင်း သိရသည်။ (Xinhua)

#Beijing, #HongKong, #Railway, #Xinhua, #ပေကျင်း, #ဟောင်ကောင်, #မြန်နှုန်းမြင့်ရထားလမ်း, #ဆင်ဟွာ

…………………………………………
(Chinese Version

(经济)京港高铁合肥至安庆段开通运营

 新华社合肥12月22日电(记者汪奥娜)22日8时38分,G8311次动车组列车从合肥南站驶向安庆,标志着京港高铁合肥至安庆段正式开通运营,合肥至安庆最快1小时13分可达。

  据悉,京港高铁合安段位于安徽省西南部,线路全长176公里,设计时速为350公里,经过合肥南、肥西、舒城东、庐江西、桐城东、桐城南、安庆等车站。京港高铁合安段开通运营后,铁路部门将安排开行动车组列车5对,初期运营时速为300公里,合肥至安庆最快1小时13分可达。到2021年1月全国铁路运行图调整后,铁路部门将按照日常线、高峰线安排列车开行,初期每日开行动车组列车最高达13对,其中日常线12对、高峰线1对。

 据了解,京港高铁合安段是我国“八纵八横”高速铁路网京港(台)通道的重要组成部分。该线路北端通过合肥枢纽连接商合杭高铁、合宁高铁、合福高铁等,南端在安庆与宁安高铁、建设中的京港高铁安庆至九江段连通。京港高铁合安段的建成通车将进一步完善长江经济带区域铁路网布局。(完)
图说1-3 -12月22日,从合肥南开往安庆的G8311次列车准备出发。新华社记者 黄博涵 摄
图说 4-5 – 一列高铁列车经过安徽肥西花岗特大桥(12月22日摄,无人机照片)。 新华社记者刘军喜摄