Connect with us

Science & Technology

သရီးဒီ နည်းပညာ အကူအညီဖြင့် တရုတ် ကလေးငယ်အား အောင်မြင်စွာ နှလုံးခွဲစိတ်နိုင်ခဲ့

သရီးဒီ နည်းပညာ အကူအညီဖြင့် နှလုံးခွဲစိတ်မှုခံယူခဲ့သော ကလေးငယ်နှင့် ခွဲစိတ်ဆရာဝန်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ချန်ချွန်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျိလင်း ပြည်နယ်တွင် မွေးရာပါ နှလုံးအားနည်းရောဂါ (CHD) ခံစားနေရသော အသက် ကိုးလအရွယ် ကလေးငယ် တစ်ဦးအား ဆရာဝန်များက သရီးဒီ နည်းပညာသုံး နှလုံးပုံစံငယ် အသုံးပြု၍ အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ သရီးဒီ နည်းပညာ အကူအညီဖြင့် နှလုံးခွဲစိတ်ကုသခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။ အဆိုပါ ခွဲစိတ်မှုအာ မတ်လ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ယင်းကလေးငယ်မှာ အခြေအနေ ကောင်းမွန်ကာ အထွေထွေ ကုသရေး အဆောင်သို့ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသခြင်း မပြုမီက ယင်းကလေးငယ်မှာ ပေါင်ချိန် ၅.၆ ကီလိုဂရမ် ရှိပြီး မွေးရာပါ နှလုံးအားနည်းရောဂါ ကြောင့် အသက်ရှုကြပ်ခြင်း ခံစားခဲ့ရသည်။

“ကလေးငယ်ကို ဆေးရုံ ခေါ်လာတုန်းက နှလုံးအားနည်းတာကြောင့် ဖျားနာနေသလို အဆုတ်ရောင်ရောဂါလဲ ခံစားနေရတယ်၊ ကလေးငယ်ဟာ အလွန်ငယ်ပြီး သေးတဲ့အတွက် အယ်လ်ထရာဆောင်းရိုက်ဖို့ အခက်အခဲ ဖြစ်ခဲ့ရတယ်” ဟု ကျိလင်းပြည်နယ် ဆေးရုံကြီး၏ ကလေးနှလုံးခွဲစိတ် စင်တာ ညွှန်ကြားရေးမှူး လည်းဖြစ်၊ ကလေးငယ်၏ ခွဲစိတ် ဆရာဝန်လည်း ဖြစ်သူ ကျန်းရွှယ်ကျင်းက ပြောသည်။

ယင်း လူနာ ကလေးငယ်၏ သွေးပြန်ကြော လေးခုလုံးမှာ ပုံစံမကျ ဖြစ်နေပြီး နှလုံးရှိ အပေါ်ခန်းများအကြား သွေး စီးဆင်းနေမှု ဖြစ်ပွားသည့် Atrial Septal Defect (ASD) ဖြစ်ပွားနေခြင်း ဖြစ်သည်။

ခွဲစိတ်ကုသမှုသာ နှောင့်နှေးခဲ့ပါက အဆိုပါ ကလေးငယ်မှာ ၎င်း၏ တစ်နှစ်ပြည့် မွေးနေ့ မကျင်းပနိုင်ခင်မှာပဲ သေဆုံးရန် ၈၀ ရာခိုင်နှုန်း ရှိနေပါသည်။
ကလေးငယ်အား ကယ်တင်ရန် ကျန်းနှင့် အဖွဲ့သည် ကလေးငယ်၏ နှလုံးနှင့် ပုံစံတူ သရီးဒီ နည်းပညာသုံး နှလုံးပုံစံငယ် တစ်ခု အကူအညီဖြင့် ခွဲစိတ်ရေး အစီအစဉ်ဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ပြည်နယ်ရှိ အသက် ၉ လအရွယ် မွေးရာပါ နှလုံးအားနည်းရောဂါရှိသူ ယောင်္ကျားလေးအား ပထမဆုံး သရီးဒီ နည်းပညာသုံး နှလုံး ခွဲစိတ်မှု ပြုလုပ်ခဲ့သည်။
အနာဂတ်တွင် ထိုနည်းပညာအား ဆေးပညာနယ်ပယ်၌ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ကျန်းက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.