Connect with us

Science & Technology

KJ-500 AEW&C လေယာဉ်၏ အရေးပါသော အစိတ်အပိုင်းများ တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်

KJ-500 AEW&C လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကြိုတင် သတိပေးနှင့် ထိန်းချုပ်ရေး လေယာဉ် KJ-500 AEW&C (Airborne early warning and control) ၏ ရေဒါ ပလက်ဖောင်း (Radar Platform) နှင့် စနစ်အား တရုတ်နိုင်ငံ၌ပင် ထုတ်လုပ်မည် ဖြစ်ကြောင်း China Electronics Technology Group Corp (CETC) ဥက္ကဋ္ဌ ရှောင်ကွမ်းလီက ပြောသည်။

ရေဒါ စနစ်အား ကမ္ဘာ့အကောင်းဆုံး ဒီဂျစ်တယ် အသုံးပြု ရေဒါနည်းပညာ သုံးစွဲသော CETC ၏ အမှတ် ၃၈ သုတေသနဋ္ဌာနက ဒီဇိုင်း ရေးဆွဲထားခြင်း ဖြစ်သည်။KJ-500 လေယာဉ်မှာ ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်၌ ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတွင် ပါဝင် ပြသခဲ့သည့် လေယာဉ် တစ်စင်း ဖြစ်ကြောင်း အမျိုးသား ဥပဒေ ပြဋ္ဌာန်းသူ တစ်ဦးလည်း ဖြစ်သူ ရှောင်က မတ်လ ၁၃ ရက် လွှတ်တော် နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားခဲ့သည်။

CETC သည် စစ်တပ်နှင့် အရပ်ဘက် လုပ်ငန်းများအတွက် လျှပ်စစ် သတင်းအချက် အလက်ပိုင်းဆိုင်ရာ နည်းပညာအား လုပ်ကိုင်ပေးသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

CETC ၏ အဓိက စီးပွားရေး ညွှန်းကိန်း အားလုံးက နှစ်ဆ တိုးတက်နေကြောင်း ရှောင်က ပြောကြားထားသလို ၂၀၁၅ ခုနှစ်တွင် ဝင်ငွေ ယွမ် ၁၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅.၄ ဘီလီယံ) ရှိခဲ့ပြီး အမြတ် ယွမ် ၁၆.၃ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.