Connect with us

Science & Technology

တရုတ်နိုင်ငံ က ကင်းလှည့်နေစဉ် မျက်နှာ စကင် (Scan) ဖတ်နိုင်သည့် ရဲကားများ တီထွင်

တရုတ်နိုင်ငံ ရှိ ရဲကားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ချန်တူး၊ မတ်၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တက္ကသိုလ် တစ်ခုက ကင်းလှည့်နေစဉ် လမ်းတစ်လျှောက်ရှိ လူများ၏ မျက်နှာကို စကင် (Scan) ဖတ်နိုင်သည့် ရဲကား တစ်စီးကို တီထွင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲကားအား စီချွမ်ပြည်နယ်ရှိ တရုတ် အီလက်ထရောနစ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် က ပြုလုပ် ဖန်တီးခဲ့ကာ ကျဲ့ကျန်း ပြည်နယ်၌ ဇွန်လအတွင်း ပထမဆုံး အနေဖြင့် စမ်းသပ် မောင်းနှင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ရဲကားများသည် စီးပွား ဖြစ်ထုတ်လုပ်ထားသည့် ကားများတွင် လိုအပ်သည်များကို ပြန်လည် တပ်ဆင်ထားခြင်း ဖြစ်ပြီး ယခု မော်ဒယ်သစ် ရဲကားသည် ယခင် နိမ့်ကျသည့် စံချိန်စံညွှန်း များကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ရှိ ရဲတပ်ဖွဲ့ အသုံးပြု နည်းပညာ မြှင့်တင်ရေး အဖွဲ့အစည်း ဒါရိုက်တာ ရင်ကွမ်းချန် ကပြောကြားခဲ့သည်။
အဆိုပါ ရဲကားသည် အမြန်နှုန်း တစ်နာရီ ၁၂၀ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်နေစဉ် အကွာအဝေး ၆၀ မီတာ ပတ်လည်ရှိ မျက်နှာများအား ရိုက်ကူး မှတ်သားနိုင်သည့် ကင်မရာများကို ကား၏ ခေါင်မိုးပေါ်တွင် တပ်ဆင် ထားပြီး အဆိုပါ မျက်နှာ ပုံရိပ်များကို ရဲတပ်ဖွဲ့၏ ဒေတာဘေ့စ်သို့ပေးပို့ကာ တရားခံများနှင့် တိုက်ဆိုင်မှု ရှိပါက အချက်ပေး အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။
အခြား လုပ်ဆောင်ချက်များ အနေဖြင့် ၎င်းအနီးရှိ ကားများ၏ သတင်းအချက်အလက်များနှင့် မိုဘိုင်းဖုန်း များကို ဖော်ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဆီစားသက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့နည်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.