Connect with us

Science & Technology

အယ်လ်ဂျီးရီးယားအတွက် ဆက်သွယ်ရေးဂြိုလ်တုကို တရုတ်နိုင်ငံမှ လွှတ်တင်ပေး


ရှီချန်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုလ်တုဖြစ်သည့် Alcomsat-1 ကို သတ်မှတ် ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်းဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုလ်တုသည် တရုတ်နိုင်ငံ နှင့် အယ်လ်ဂျီးရီးယားနိုင်ငံအကြား လေကြောင်းအာကာသ လုပ်ငန်းအတွင်း ပထမဆုံးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခု ဖြစ်ကြောင်းသိရသည်။ ၎င်းအား အယ်လ်ဂျီးရီးယားနိုင်ငံ ၏ ရုပ်သံထုတ်လွှင့်မှု နှင့် ရုပ်မြင်သံကြား၊ အရေးပေါ်ဆက်သွယ်မှု၊ အဝေးသင်ပညာရေး၊ e-goverance၊ စီးပွားရေးလုပ်ငန်းဆက်သွယ်မှု၊ ဂြိုလ်တုအခြေပြု လမ်းကြောင်းပြစနစ်တို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Alcomsat-1 ဂြိုလ်တုအား တရုတ်နိုင်ငံ ရှီချန်းဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းတွင် လွှတ်တင်စဉ် (ဆင်ဟွာ)

Alcomsat-1 ဂြိုလ်တုအား တရုတ်နိုင်ငံ ရှီချန်းဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းတွင် လွှတ်တင်စဉ် (ဆင်ဟွာ)

Alcomsat-1 ဂြိုလ်တုအား တရုတ်နိုင်ငံ၏ Long March-3B ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၁၁ ရက် နံနက် ၀၀း၄၀ နာရီတွင် လွှတ်တင်ခဲ့ပြီး ယင်းလွှတ်တင်မှုသည် Long Marchဒုံးပျံ အမျိုးအစား၏ ၂၅၈ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.