ကျိုချွမ်၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ Longjiang-3 စမ်းသပ်ရေး ဂြိုဟ်တုကို Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ဇွန် ၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်က လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုသည်...
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လူဦးရေ ၇ ယောက်အထိ လိုက်ပါစီးနင်းနိုင်သော မျိုးဆက်သစ်အာကာသယာဉ်တစ်စင်း တီထွင်လျက်ရှိကြောင်း တရုတ်လူတင်အာကာသယာဉ်အေဂျင်စီက ဇွန် ၈ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိ လူ ၃ ယောက်စီး အာကာသယာဉ်ထက် ပိုမိုကျယ်ဝန်းသော အဆိုပါ အာကာသယာဉ်သစ်သည် ကုန်စည်များနှင့်...
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၅ သည် ၃၃ ရက်ကြာ သီးခြားပျံသန်းပြီးနောက် ဇွန် ၆ ရက်၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော အာကာသစခန်းပေါင်းစပ်ယာဉ်နှင့် ပြန်လည်ချိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။
ကျိုချွမ်၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၅ (Shenzhou-15) အာကာသယာဉ်မှူးများသည် ၎င်းတို့၏ စီစဉ်ထားသောတာဝန်များအားလုံး ပြီးမြောက်ပြီဖြစ်သဖြင့် ဇွန် ၄ ရက်တွင် ကမ္ဘာမြေသို့ ပြန်လာတော့မည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူတင်အာကာသအေဂျင်စီ (CMSA) က ဇွန် ၂ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ...
နန်နင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Energy) က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အာရှ၌ အကြီးဆုံး ကာဗွန်ဖမ်းယူမှု၊ အကျိုးရှိစွာအသုံးချမှုနှင့် သိုလှောင်မှု (CCUS) စက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဇွန် ၂ ရက်က ကြေညာခဲ့သည်။...
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးက စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုကဏ္ဍ၌ ဝင်ရောက်လာပြီဖြစ်သဖြင့် နိုင်ငံ၏ လေကြောင်းလုပ်ငန်းနှင့် ၎င်းအားပံ့ပိုးပေးသော ကဏ္ဍအားလုံးကို လာမည့်ဆယ်စုနှစ်များအတွင်း ကြီးမားသောဈေးကွက် အခွင့်အလမ်းများ မြင်တွေ့ရမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများနှင့် ယင်းလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းလီမိတက် (COMAC) မှ...
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးနှစ်ဦး မောင်းနှင်မည့် လူတင်လကမ္ဘာပေါ်သွားယာဉ်အတွက် အဆိုပြုချက်များ တောင်းခံမည့် ကြေညာချက်ကို တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က မေ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသမစ်ရှင်၏ တရုတ်အာကာသယာဉ်မှူး ၃ ဦးကိုလိုက်ပါပို့ဆောင်ခြင်း အခမ်းအနားအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ မေ ၃၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ (CMSA) ထံမှ သိရသည်။
ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၆(Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို မေ ၃၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့သည်။...
ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသစခန်းပေါင်းစည်းမှုအတွက် အချိန် ၅ လကြာမစ်ရှင်တစ်ရပ်ထမ်းဆောင်ရန် အာကာသယာဉ်မှူး ၃ ဦးပါဝင်သော ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ်ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။