Connect with us

Science & Technology

တရုတ်နိုင်ငံ ပထမဆုံးအင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ် ထျန်းဝန်-၁(Tianwen-1)အာကာသယာဉ်၏ ပထမအကြိမ် ORBITAL CORRECTION အောင်မြင်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ်၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်အတွက် လွှတ်တင်ထားသည့် ထျန်းဝန်-၁ (Tianwen-1)အာကာသယာဉ်သည် ဩဂုတ် ၂ ရက် ၇ နာရီတိတိတွင် 3000 N အင်ဂျင်အား စက္ကန့် ၂၀ ကြာ လည်ပတ်ပြီး ပထမအကြိမ် ORBITAL CORRECTION အဆင်ပြေချောမွေ့စွာ လုပ်ဆောင်၍ အင်္ဂါဂြိုဟ်သို့  ဆက်လက် ဦးတည်ပျံသန်း မောင်းနှင်သွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာရေးရာဌာန (CNSA)မှ သိရသည်။

ပထမဆုံးအကြိမ် ORBITAL CORRECTIONမပြုလုပ်မီ စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁(Tianwen-1)သည် ၉ ရက်နှင့် ၁၇ နာရီကြာ ကမ္ဘာဂြိုဟ်မှအကွာအဝေး ကီလိုမီတာ ၃ သန်းကျော်ကို ပျံသန်းမောင်းနှင်ခဲ့ရာတွင် ယာဉ်၏စနစ်များအားလုံး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ယခုအကြိမ် 3000 N အင်ဂျင်အား မီးလွှတ်၍ ORBITAL CORRECTIONပြုလုပ်နေသည့်အချိန်အတွင်းမှာပင် အင်ဂျင်၏ ဂြိုဟ်ပတ်လမ်းအတွင်း လက်တွေ့စွမ်းအင်ကို ထပ်မံစမ်းသပ်အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဆက်လက်၍ ထျန်းဝန်-၁ (Tianwen-1)သည်  deep-space maneuver (DSM)နှင့် several midway correctionsများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ၆ လကျော်ကြာ ပျံသန်းမောင်းနှင်မှုအပြီးတွင် အင်္ဂါဂြိုဟ်အနီးသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် အင်္ဂါဂြိုဟ်၏ ဆွဲငင်အားဖြင့် ဂြိုဟ်ပတ်လမ်းသို့ ဝင်ကာ အင်္ဂါဂြိုဟ် ဆင်းသက်ရေးနှင့် သိပ္ပံစူးစမ်းလေ့လာရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)