Connect with us

Science & Technology

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါဝင်သည့် ဂြိုဟ်တုအသစ် လွှတ်တင်

အဝေးထိန်းအာရုံခံစနစ်ပါဝင်သည့် ဂြိုဟ်တုအသစ်တစ်စင်းကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဩဂုတ် ၆ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဝေးထိန်းစနစ်ပါဝင်သည့် ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဩဂုတ် ၆ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၀၁ နာရီတွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

Gaofen-9 04 ဂြိုဟ်တုကို Long March-2D သယ်ဆောင်ရေးဒုံးပျံနှင့်အတူ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့သည်။ ယင်းဂြိုဟ်တုတွင် မီတာဝက်အဆင့်အထိ ရုပ်ထွက်ကြည်လင်မှုရှိသော ပုံရိပ်ဖမ်းကိရိယာပါဝင်ကြောင်း သိရသည်။ 

အဆိုပါ ဂြိုဟ်တုကို မြေတိုင်းလုပ်ငန်းများ၊ မြို့စီမံကိန်း၊ မှန်ကန်သောမြေပြင်အတည်ပြုချက်၊ လမ်းကွန်ရက်ဒီဇိုင်း၊ စိုက်ပျိုးသီးနှံ ပမာဏခန့်မှန်းတွက်ချက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးအတွက် အဓိကအသုံးပြုသွားမည် ဖြစ်သည်။ ထို့ပြင် ၎င်းဂြိုဟ်တုသည် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117