Connect with us

Science & Technology

ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ဒရုန်းလေယာဉ် “Ganlin-1”၏ ပထမအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်

ရာသီဥတုမွမ်းမံ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1”တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် ဆင်းသက်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ကျိုး၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1”သည် ဇန်နဝါရီ ၆ ရက် ၁၅ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် စတင်စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။

ပျံသန်းပြီးနောက် မြေပြင်ထိန်းချုပ်ရေး စနစ်တွင် လေယာဉ်၏ ရေခဲကာကွယ်ဖယ်ရှားမှု(de-icing)၊ လေထုစမ်းသပ်လေ့လာခြင်း၊ မိုးရွာသွန်းဓာတ်ကူပစ္စည်းဖြန်းခြင်းစသည့် လုပ်ဆောင်မှုစွမ်းရည်အားလုံး ပုံမှန်ဖြစ်ရာ စနစ်တည်ငြိမ်၍ စွမ်းဆောင်ရည်သည် စီမံကိန်း၏တောင်းဆိုချက်နှင့်ပြည့်မီသည်ဟု တွေ့ရကြောင်း ၊ မိနစ် (၃၀)ကျော်ကြာ ပျံသန်းမှုအပြီးတွင် တည်ငြိမ်စွာနှင့်မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ကြောင့် ပထမအကြိမ်း ပျံသန်းမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်“Ganlin-1”၏ပထမအကြိမ်ပျံသန်းမှုအတွက် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ရာသီဥတုမွမ်းမံရာမှာ အသုံးပြုတဲ့ အကြီးစား မောင်းသူမဲ့ဒရုန်းလေယာဉ် “Ganlin-1”က “Wing Loong Ⅱ” ဒရုန်းယာဉ်ကို အခြေခံပြီး ပြုပြင်ပြောင်းလဲ သုတေသနပြုထုတ်လုပ်ထားတာပါ။ သူ့မှာ အဝေးက ရာသီဥတုထောက်လှမ်းစမ်းသပ်နိုင်စွမ်း၊ လေထု၏အချက်အလက်များကို စုစည်းပေးနိုင်စွမ်းနဲ့ မိုးရွာဓာတ်ကူပစ္စည်း ဖြန်းနိုင်စွမ်း တွေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ရေခဲကာကွယ်ဖယ်ရှားနိုင်စွမ်း(de-icing)ရှိရာ ရှုပ်ထွေးတဲ့ ရာသီဥတုအခြေအနေတွင် လုပ်ငန်းများကို လုပ်ဆောင်နိုင်သည့်စွမ်းရည်ရှိတာကြောင့် ရာသီဥတုမွမ်းမံမှုလုပ်ငန်း၏ ထိရောက်မှုကို အများကြီး မြှင့်တင်နိုင်တယ်”ဟု တရုတ်နိုင်ငံ AVIC (Chengdu) Unmanned Aircraft System Co. Ltd. ဒီဇိုင်နာအကြီးအကဲ Li Yidong က ဆိုသည်။

ရာသီဥတုမွမ်းမံ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1” တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ကောင်းကင်တွင် ပျံဝဲမောင်းနှင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်“Ganlin-1”၏ ပထမအကြိမ်ပျံသန်းမှုအတွက် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်“Ganlin-1”၏ ပထမအကြိမ်ပျံသန်းမှုအတွက် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်“Ganlin-1”၏ ပထမအကြိမ်ပျံသန်းမှုအတွက် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်“Ganlin-1”၏ ပထမအကြိမ်ပျံသန်းမှုအတွက် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် မတ်လတွင် ချီလျန်ဆန်းတောင် ဂေဟစနစ်ပြုပြင်ရေးအတွက် ကန်းစုပြည်နယ်က ဦးစွာ အကြီးစား မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြင့် ရာသီဥတု မွမ်းမံရေးလုပ်ငန်းလုပ်ဆောင်ရန် စတင်လေ့လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ မိုးဇလဦးစီးဌာန၊ တရုတ်လေကြောင်းစက်မှုကော်ပိုရေးရှင်း(AVIC)တို့နှင့်အတူ နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများဖြင့် တစ်နှစ်ကျော်ကြာ သုတေသန ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ရာသီဥတု မွမ်းမံ “Ganlin-1” ဒရုန်းလေယာဉ်၏ သတ်မှတ်မှုစံချိန်စံညွှန်းများအားလုံးသည် တောင်းဆိုချက်နှင့်ကိုက်ညီခဲ့သလို နည်းပညာစမ်းစစ်မှုတွင်လည်း အတည်ပြုနိုင်ခဲ့ပြီး လုပ်ငန်းလုပ်ဆောင်ပုံ၏ထိရောက်မှု သုံးသပ်ခြင်းနှင့်စံညွှန်းသတ်မှတ်ခြင်းအဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————-
(Chinese Version)

人工影响天气无人机“甘霖-I”首飞成功

来源:新华网
 新华社兰州1月6日电(记者 范培珅)6日15时24分56秒,人工影响天气无人机“甘霖-I”从甘肃省金昌市金川机场起飞,起飞后地面控制系统显示无人机防除冰、大气探测、催化剂播撒等功能正常,系统稳定,性能满足项目要求,经过30多分钟飞行,“甘霖-I”平稳着陆,首飞圆满成功。
 “在翼龙-Ⅱ无人机基础上改进研制成功的‘甘霖-I’是人工影响天气领域的大型无人机系统,它具备远距离气象探测能力、大气数据采集能力和增雨催化剂播撒能力,同时拥有可靠的防除冰能力,具备复杂气象条件下作业能力,大大提高了人工影响天气作业的效能。”中航(成都)无人机系统股份有限公司总设计师李屹东介绍说。
 2019年3月,为解决祁连山生态修复问题,甘肃省率先探索启动大型无人机人工影响天气作业,与中国气象局、中国航空工业集团有限公司等密切合作,大力攻关,历经一年多的项目研制,人工影响天气无人机“甘霖-I”所有参数、指标均达到项目要求,并最终通过技术鉴定,进入作业效果评估和标准制定阶段。

图说1:1月6日,人工影响天气无人机“甘霖-I”降落至金昌金川机场。新华社记者 范培珅 摄
图说2:1月6日,在金昌金川机场,技术人员开展人工影响天气无人机“甘霖-I”首飞前的准备工作。新华社记者 范培珅 摄
图说3:1月6日,人工影响天气无人机“甘霖-I”在甘肃省金昌市上空盘旋。新华社记者 范培珅 摄

图说5-8:1月6日,在金昌金川机场,技术人员对人工影响天气无人机“甘霖-I”首飞进行最后检查。新华社记者 范培珅 摄
图说9 :1月6日,人工影响天气无人机“甘霖-I”在甘肃省金昌金川机场起飞。
图说10:1月6日,人工影响天气无人机“甘霖-I”在甘肃省金昌市上空盘旋。新华社记者 范培珅 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.