Science & Technology
တရုတ်နိုင်ငံမှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုဟ်တုများလွှတ်တင်

စီချန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် Yaogan-30 အမျိုးအစား ဂြိုဟ်တုများကို ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နေ့လည် ၁း၃၉နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Yaogan-30 အမျိုးအစား ဂြိုဟ်တုများ နှင့် အတူ မိုက်ခရို-နာနို 1A ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုများသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုများသည် လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများ နှင့် အခြားသော စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ယခုလွှတ်တင်မှုသည် Long March ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် ၂၆၅ကြိမ်မြောက်လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)