Connect with us

Science & Technology

တရုတ်နိုင်ငံမှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုဟ်တုများလွှတ်တင်

တရုတ်နိုင်ငံမှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုဟ်တုများအား Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် လွှတ်တင်စဉ် (ဆင်ဟွာ)

စီချန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် Yaogan-30 အမျိုးအစား ဂြိုဟ်တုများကို ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နေ့လည် ၁း၃၉နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yaogan-30 အမျိုးအစား ဂြိုဟ်တုများ နှင့် အတူ မိုက်ခရို-နာနို 1A ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုများသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုများသည် လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများ နှင့် အခြားသော စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလွှတ်တင်မှုသည် Long March ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် ၂၆၅ကြိမ်မြောက်လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117