Science & Technology
မျက်မှန်မဲ့ သရီးဒီဖုန်း တရုတ်နိုင်ငံတွင် ထုတ်ဖော်ပြသ

ချန်ဒူ၊ မေ ၁၈ ရက် (ဆင်ဟွာ)
သာမန် မျက်လုံးဖြင့်ပင် မြင်နိုင်ပြီး သရီးဒီ ရုပ်ပုံများကို ရိုက်ယူနိုင်သော စမတ်ဖုန်း တစ်လုံးကို တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် မေလ ၁၇ ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ဖုန်းကို ရှန်းကျန့် အခြေစိုက် ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် သရီးဒီ မျက်မှန်များ မလိုအပ်ဘဲ ဓာတ်ပုံများ ရိုက်ယူနိုင်ခြင်း၊ ရုပ်ရှင်များ ကြည့်ရှုနိုင်ခြင်းနှင့် ဂိမ်းများ ကစားနိုင်ကြောင်း၊ မျက်မှန်မဲ့ သရီးဒီ အဆင့်မြင့်ဆုံး နည်းပညာကို သုံးစွဲကာ Liquid Crystal စခရင်ကို အသုံးပြုထားကြောင်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။
“ဖုန်းထဲမှာ ဓာတ်ပုံတွေကို ရှင်းရှင်းလင်းလင်းနဲ့ အနုစိတ် မြင်တွေ့နိုင်တဲ့ virtual reality chip ထည့်သွင်းထားပါတယ်”ဟု ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ Gao Tongliang က ပြောသည်။
အဆိုပါ ဖုန်း၏ တန်ဖိုးမှာ ယွမ် ၂၀၀၀ နှင့် ၃၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၂၉၁ မှ ၄၃၅ ကြား) ရှိနိုင်ကြောင်း သိရသည်။ (Xinhua)