Connect with us

Science & Technology

တရုတ် နိုင်ငံ မှ ကမ္ဘာ့အနက်ဆုံး ပင်လယ် အတွင်း သို့ သွားရောက် စူးစမ်းလေ့လာ စဉ် ဆင်ဟွာ သတင်းဌာန သတင်းထောက်မှ အတူတကွ လိုက်ပါသတင်းယူခဲ့

လူလိုက်ပါနိုင်သော "ကျောင်လုံ" (Jiao Long) ရေငုပ်သင်္ဘော မှ ကမ္ဘာ့ အနက်ဆုံး သမုဒ္ဒရာ Mariana Trench သို့ ဆင်းသက်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သည် ကမ္ဘာ့ အနက်ဆုံး သမုဒ္ဒရာ Mariana Trench ၏ Challenger Deep မြောက်ဘက် အတွင်း သို့ စူးစမ်းလေ့လာရန် အတွက် လူလိုက်ပါနိုင်သော “ကျောင်လုံ” (Jiao Long) ရေငုပ်သင်္ဘော ကို ယနေ့ နံနက်ပိုင်းတွင် စေလွှတ်ခဲ့ပြီး ဆင်ဟွာ သတင်းဌာန မှ သတင်းထောက် လျိုစစ်ဖိန် (Liu Shiping) သည် အတူတကွ လိုက်ပါသွား ခဲ့ကာ ကမ္ဘာ့ အနက်ဆုံး ပင်လယ်သမုဒ္ဒရာ အောက်တွင် သတင်းယူခဲ့သူ တစ်ဦး ဖြစ်စေခဲ့ပါသည်။

ဒေသစံတော်ချိန် နံနက် ၇ နာရီ ၉ မိနစ် အချိန်တွင် “ကျောင်လုံ” ရေငုပ်သင်္ဘော ကို ပင်လယ်သမုဒ္ဒရာ အတွင်း သို့ စတင်စေလွှတ်ခဲ့ပြီး ရေငုပ်သင်္ဘော ကို ဦးဆောင်မောင်းနှင်သူ ထန်ကြားလင် (Tang Jialing) သည် ၇ နာရီ မိနစ် ၂၀ အချိန် မှ စတင်၍ သမုဒ္ဒရာ အနက်ပိုင်း သို့ စတင် ဆင်းသက်သွား ခဲ့သည်။ဒေသ စံတော်ချိန် ၉ နာရီ ၄၉ မိနစ် အချိန်တွင် “ကျောင်လုံ” ရေငုပ်သင်္ဘော သည် သတ်မှတ်ထားသည့် ပင်လယ်ရေမျက်နှာပြင် အောက် ၄၈၁၁ မီတာ အနက်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများကို စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။အစီအစဉ် အရ ရေငုပ်သင်္ဘောသည် ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင် သို့ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုအကြိမ် ပင်လယ်ရေအောက် သို့စူးစမ်းလေ့လာရန် အနက်ကို ၄၈၀၀ မီတာ ဟု သတ်မှတ်ထားပြီး ရေအောက်တွင် အချိန် ၉ နာရီခန့် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်သည်။ “ကျောင်လုံ” ရေငုတ် သင်္ဘောသည် သတ်မှတ်ထားသည့် ပင်လယ်ရေအောက် အနက်သို့ရောက်ရှိပြီးလျှင် ရေအောက်တွင် ၂ မှ ၃ ကီလိုမီတာ ခန့်မောင်းနှင်သွားမည် ဖြစ်ပြီး ယခုအကြိမ် သည် ပင်လယ်ရေအောက် အနက် ကို အဓိက ဦးစားပေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပင်လယ်ရေအောက် လုပ်ငန်းဆောင်ရွက်မှု ပိုင်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆင်ဟွာ သတင်းဌာန မှ သတင်းထောက် လျိုစစ်ဖိန် (Liu Shiping) က သတင်းပို့သနေမှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

Mariana Trench ၏ ပင်လယ်ရေ အပူချိန် ၊ ဆားဓာတ်ပါဝင်နှုန်း နှင့် အချက်အလက်များ တိုင်းသာသည့် CTD တိုင်းတာရေး ကိရိယာ ကို ရေချ နေစဉ်(ဆင်ဟွာ)

“ကျောင်လုံ” ရေငုပ် သင်္ဘောသည် ၂၀၀၉ ခုနှစ် မှ ၂၀၁၂ ခုနှစ် အတွင်း ပင်လယ် ရေမျက်နှာပြင် အောက် ၁၀၀၀ မီတာ မှ ၇၀၀၀ မီတာ အနက် ထိ သွားရောက်ကာ အောင်မြင်စွာ စူးစမ်းလေ့လာနိုင်ခဲ့သည်။၂၀၁၂ ခုနှစ် ဇူလိုင်လ တွင် အမျိုးအစားတူ ရေငုပ်သင်္ဘော ၏ ကမ္ဘာ့အနက်ဆုံး စံချိန် ၇၀၆၂ မီတာ အထိ လူလိုက်ပါကာ သွားရောက်နိုင်ခဲ့သည်။၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင်လည်း ပစိဖိတ် သမုဒ္ဒရာ ၏ Yap Trench အတွင်း သို့ အနက် ၆၅၇၉ မီတာ အထိ သွားရောက် နိုင်ခဲ့သည်။ယခု အကြိမ်သည် တရုတ် နိုင်ငံ ၏ ၃၈ ကြိမ်မြောက် သမုဒ္ဒရာ ခရီးစဉ် ၏ တတိယ အပိုင်းမှ ပထမ အကြိမ် ရေအောက် ဆင်းသက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်တွင်လည်း ဆင်ဟွာ သတင်းဌာန မှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကျင်းဟိုင်ဖုန်း နှင့် ချိန်တုန်း တို့သည် အာကာသ အတွင်း မှ ကမ္ဘာ့အနှံအပြား သို့ သတင်းပို့သမှု ပြုလုပ်ခဲ့ပြီး ယခုအကြိမ် တွင်လည်း ဆင်ဟွာ သတင်းဌာန မှ သတင်းထောက်သည် ကမ္ဘာ့အနက်ဆုံး ပင်လယ် သမုဒ္ဒရာ အတွင်း မှ သတင်းယူ နိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.