Connect with us

Social, Education & Health

ကလေးငယ် တစ်သန်းတွင် တစ်ဦးသာ ဖြစ်နိုင်သည့် နှလုံးကျွံရောဂါကို တရုတ် ဆရာဝန် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

နှလုံးခွဲစိတ်ထားသည့် ကလေးငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ချုံချင့်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဆရာဝန်များသည် အသက်ရှင်ရန် ခက်ခဲသော ရင်ဘတ် အပြင်ဘက်တွင် နှလုံးအစိတ်အပိုင်းတချို့ရောက်နေသည့် အသက် ၁၁၂ ရက်သား ယောင်္ကျားလေးအား အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။

ရှန်ရှီးပြည်နယ်၊ ရှန်းယန်မြို့က အန်းအန်း အမည်ရှိ ၁၁၂ ရက်သား ကလေးငယ်သည် ကလေးငယ် တစ်သန်းတွင် တစ်ဦးသာ ဖြစ်ပွားနိုင်သည့် Pentalogy of Cantrell ဟု လူသိများသော မွေးရာပါ ရင်ဘတ်အပြင် ဘက်သို့ နှလုံးကျွံရောဂါကို ခံစားနေရသူ ဖြစ်သည်။ ၎င်းအား ခွဲစိတ်ကုသမှု ခံယူရန် ချုံချင်း ဆေးတက္ကသိုလ်ရှိ ကလေးဆေးရုံသို့ ဇွန်လ ၂၁ ရက်၌ လွှဲပြောင်းခဲ့သည်။

နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဝူချွန်းက ကလေးငယ်၏ ရင်ဘတ်အတွင်း တိုက်တေနီယံဖြင့် ပြုလုပ်ထား သည့် နှလုံးနေရာ တစ်ခုအား ဖန်တီးပေးခဲ့သည်။

“အခက်ခဲဆုံး အခြေအနေတွေကို ကျော်ဖြတ်ကာ အသက်ရှင်ခဲ့ပြီး အခုတော့ အခြေအနေ တည်ငြိမ်လာပါပြီ” ဟု ဝူက ဇွန်လ ၂၄ ရက်က ပြောသည်။ ယခုလို ခွဲစိတ်မှုသည် ၁၀ နှစ်အတွင်း ဝူ၏ တတိယ အကြိမ်မြောက် ဖြစ်ပြီး ယခင် ခွဲစိတ်လူနာ နှစ်ဦးလုံးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဝူက ပြောသည်။

Pentalogy of Cantrell ဖြင့် မွေးဖွားလာသူများမှာ ကုသမှု မခံယူခဲ့ပါက အသက်သေဆုံးနိုင်သဖြင့် စောစော ကုသလေ ပိုကောင်းလေ ဖြစ်ကြောင်း ၎င်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.