Connect with us

Social, Education & Health

၁၈ နှစ်ကြာ အေးခဲထားသည့် သန္ဓေသား တရုတ်နိုင်ငံ အရှေ့ပိုင်း၌ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့

၁၈ နှစ်ကြာ အေးခဲထားသည့် သန္ဓေသားမှ မွေးဖွားခဲ့သည့် ကလေးငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရှန်ဟိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆေးရုံတွင် ၁၈ ကြာ အေးခဲထားသည့် သန္ဓေသား တစ်ခုမှ ကျန်းမာသည့် မိန်းကလေး တစ်ဦး မွေးခဲ့ကြောင်း ဇွန်လ ၂၉ ရက်က ကြေညာခဲ့သည်။

အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက အဆိုပါ သန္ဓေသားကို ကိုယ်ဝန်ဆောင်ကာ အလေးချိန် ၃၃၀၀ ဂရမ်ရှိ သမီး မိန်းကလေးအား ကျန်းစုပြည်နယ်တွင် ဇွန်လ ၂၉ ရက်က မွေးဖွားခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ လက ရှန်ဟိုင်းရှိ ဖူဒန် ဆေးတက္ကသိုလ် သားဖွား နှင့် မီးယပ်ဌာန၌ အဆိုပါ သန္ဓေသားအား ယင်း အမျိုးသမီး၏ သားအိမ်အတွင်းသို့ ထည့်သွင်းပေးခဲ့သည်။
ယင်း အမျိုးသမီးသည်သားဥပြွန် ပိတ်ဆို့မှုရောဂါ ခံစားပြီးနောက် ၁၉၉၈ ခုနှစ်တွင် ရှန်ဟိုင်းဆေးရုံ၌ ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ပဋိသန္ဓေရယူရန် ကြိုးစားခဲ့သည်။ ထိုသို့သောနည်းဖြင့် ကလေးရယူ သုံးကြိမ်ခန့် ကြိုး စားခဲ့ပြီး မအောင်မြင်ခဲ့ခြင်းကြောင့် နောက် တစ်ကြိမ် ကြိုးစားရန် အချိန် စောင့်ဆိုင်းနေခဲ့သည်။
၂၀၁၅ ခုနှစ် နှစ်ဦးပိုင်း၌ နောက်တစ်ကြိမ် ကလေးရယူရန် မျှော်လင့်ချက်ဖြင့် ယင်း အမျိုးသမီးသည် ဆေးရုံသို့ ပြန်ရောက်လာခဲ့သည်။ ဆရာဝန်များက ၎င်း၏ သားအိမ် ပိတ်ဆို့မှုနှင့် သားအိမ် အမြှေးပါး ပါးလွှာမှုအား ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ခွဲစိတ်ကုသပြီး ၎င်း၏ သားအိမ်အတွင်းသို့ သန္ဓေသား ထည့်သွင်းခဲ့သည်။
အေးခဲထားသည့် သန္ဓေသားများအား နိုက်ထရိုဂျင် အရည်များထဲတွင် အနုတ် ၁၉၆ ဒီဂရီ စင်တီဂရိတ်၌ သိမ်း ဆည်းထားရပြီး အေးခဲထားသည့် သန္ဓေသားများအား ငါးနှစ်အထိ သိမ်းဆည်းထားသင့်ကြောင်း ရှန်ဟိုင်း ကျန်း မာရေး ဋ္ဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.