Connect with us

Social, Education & Health

တရုတ်တွင် ကွယ်လွန်သူ ဆရာဝန် တစ်ဦးက ၎င်း၏ ကိုယ်တွင်း အင်္ဂါများကို လှူဒါန်းခြင်းဖြင့် လူ ၆ ဦးအား ကယ်တင်နိုင်ခဲ့

တရုတ်နိုင်ငံတွင် ကိုယ်တွင်းအင်္ဂါ လှူဒါန်းခဲ့သည့် ကွယ်လွန်သူ အား ဆရာဝန်များ ဂါဝရပြုနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်ဟိုင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ရုတ်တရက် နေမကောင်းဖြစ်ကာ ကွယ်လွန်ခဲ့သည့် ဆရာဝန် တစ်ဦး၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း များအား ၎င်း၏ ဆွေမျိုးများက လှူဒါန်းပေးခဲ့ပြီး ကိုယ်တွင်း အင်္ဂါ လိုအပ်သူ လူနာ ၆ ဦး၏ အသက်များအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ချန်ဟိုင် ဆေးရုံတွင် အလုပ်သင် ဆရာဝန်အဖြစ် လုပ်ကိုင်လျက် ရှိသော အသက် ၃၄ နှစ် အရွယ် စုန့်ဝေး အမည်ရှိ ဆရာဝန်သည် မေလ ၃၁ ရက်တွင် ဦးနှောက် သွေးယိုစီးမှု ရောဂါ ခံစားခဲ့ပြီး ဇွန်လ ၁၅ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
၎င်း၏ မိဘများ နှင့် ဇနီးဖြစ်သူ တို့က ၎င်း၏ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်ခဲ့ပြီး စုန့်၏ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ မျက်ကြည်လွှာ နှင့် အရေပြား တစ်သျှူး တို့ကို လူနာများကို ကယ်တင်ရန် ပေးလှူခဲ့ပြီး လူနာနှစ်ဦးကို အမြင်အာရုံ ပြန်လည်ရရှိရန် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၎င်း၏ ဇနီးဖြစ်သူက “ သူဟာ ဆရာဝန်တစ်ယောက် ဖြစ်ပြီး ရောဂါဝေဒနာတွေ ကုသဖို့နဲ့ အသက်ကယ်ဆယ် ဖို့ဟာ သူ့ဘဝရဲ့ ရည်မှန်းချက် တစ်ခုပါ” လို့ ပြောကြားခဲ့သည်။
ပြည်တွင်း ကြက်ခြေနီ အဖွဲ့၏ ပြောကြားချက်အရ စုန့်သည် မြို့၏ ၁၉၅ ယောက်မြောက် ကိုယ်တွင်း အင်္ဂါ လှူဒါန်းသူ တစ်ဦးဖြစ်ပြီး ယခုနှစ်အတွင်း ၅၇ ယောက်မြောက် ကိုယ်တွင်းအင်္ဂါ လှူဒါန်းသူလည်း ဖြစ်ကြောင်း ပြောခဲ့သည်။
ကြက်ခြေနီ အဖွဲ့မှ ကောင်းကျယ်ချွင်း က ရှန်ဟိုင်းတွင် ကိုယ်တွင်းအင်္ဂါ လှူဒါန်းရန် မှတ်ပုံတင်ထားသူ ဦးရေ သည် ၅,၀၀၀ ကျော် ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.