Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် စေတနာ အလျောက် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှု ၁,၄၇၉ ဦး ရှိနေပြီဖြစ်ကြောင်း မှတ်တမ်းတင်

ပေကျင်းမြို့ ဆေးရုံတစ်ခုတွင် ကလေးငယ် Feng Junxi သေဆုံးပြီးနောက် ကလေးငယ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား လှူဒါန်းခဲ့စဉ် (ဆင်ဟွာ)

ဝူဟမ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် သေဒဏ် ကျခံနေရသော အကျဉ်းသားများထံမှ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထုတ်ယူခွင့်အား ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပိတ်ပင်လိုက်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့အထိ တရုတ် ပြည်မကြီးအတွင်း စေတနာအလျှောက် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းသူ ၁,၄၇၉ ဦး ရှိခဲ့ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောပါသည်။

အဆိုပါ ကာလအတွင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသမှုပေါင်း ၄,၀၆၆ ခု ရှိခဲ့ကြောင်း အမျိုးသား လူ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှုနှင့် အစားထိုးကုသမှု ကော်မတီ အကြီးအကဲ ဟွမ်ကျဲဖူးက ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု ဆိုင်ရာ ညီလာခံတွင် ပြောပါသည်။လူပေါင်း ၂,၅၀၀ က စေတနာအလျှောက် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမည်ဆိုလျှင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှုပေါင်း တစ်သောင်းကျော်ကို လုပ်ဆောင်နိုင်မည်ဟု ဟွမ်က မျှော်လင့် ထားပါသည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု ကျွမ်းကျင်သည့် ဆေးရုံပေါင်း ၁၆၉ ခု၏ စာရင်းအရ လက်ရှိတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု ပြုလုပ်ရန် လိုအပ်သူ တရုတ် လူနာပေါင်း သုံးသောင်းခန့် ရှိကြောင်း သိရသည်။ ယခုအတိုင်းဆိုပါက လာမည့်နှစ်အတွင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လွှဲပြောင်းမှု အစားထိုး ကုသမှုပေါင်း နှစ်သောင်းကျော် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း ဟွမ်က ပြောပါသည်။

တရုတ်နိုင်ငံ၌ စေတနာအလျှောက် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှုအား ၂၀၁၀ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၌ နိုင်ငံ အဝှမ်း လက်တွေ့အသိပညာပေး မြှင့်တင်မှုများအား လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်တော့ တရုတ်နိုင်ငံသည် အာရှတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အလှူရှင် ၁,၇၀၀ ပေးလှူခဲ့သော ကိုယ်အင်္ဂါ အစိတ်အပိုင်း ၅,၀၀၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့သော ငါးနှစ် အတွင်း အရေအတွက် အများဆုံးဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် မိမိဆန္ဒအလျှောက် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းသော တရုတ်နိုင်ငံသားများသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု၏ အဓိက အရင်းအမြစ်များ ဖြစ်လာပြီး ယင်းထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို ပေးလှူထားသူများ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.