Connect with us

Social, Education & Health

တရုတ် နိုင်ငံသား ၁၀ နှစ်သား ကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်များ လှူဒါန်းမှုကြောင့် လူ ၅ ဦး အသက်အား ကယ်တင်နိုင်ခဲ့

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဆေးရုံသို့ ရောက်ရှိလာသော ကလေးငယ် အား ဆရာဝန်များက သေဆုံးကြောင်း မဆုံးဖြတ်မီ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံမှ ဝင်းချွန်ဟူသော ၁၀ နှစ်အရွယ် ကလေးငယ်သည် အပြင်ထွက် မုန့်ဝယ်ရာတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆရာဝန်မှ ဦးနှောက် သေဆုံးသွားပြီး ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ၎င်းမိဘ များက ယင်းကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှူဒါန်းမှု ပြုခဲ့သဖြင့် လူ ၅ ဦး၏ အသက်ကို ကယ်တင် နိုင်ခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်တွင် ကလေးငယ်မှ အိမ်ပြင်ထွက်၍ မုန့်ဝယ်ရန် ထွက်ခွာသွားခဲ့သည်။ သို့သော် လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆရာဝန်မှ ဦးနှောက် သေဆုံးသွားပြီး ဖြစ်ကြောင်း ဆုံးဖြတ် လိုက်သဖြင့် မိသားစုများမှ ဝမ်းနည်းစွာ လက်ခံ ခဲ့ရသော်လည်း ၎င်းတို့ ကလေးငယ် အား တိုက်သွားသော ယာဉ်မောင်းအနေဖြင့် လာရောက် ဝန်ခံ တောင်းပန်ရန် လိုလားကြောင်း ပြောကြား ခဲ့သည်။

ယင်းကလေးငယ် အနေဖြင့် ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်တွင် ခွဲစိတ်ခန်းမှ သေဆုံးကြောင်း ဆရာဝန်မှ အတည်ပြုပြီး နောက်ပိုင်းတွင် ၎င်းမိဘများက ယင်းကလေးငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား လိုအပ်သော လူနာ များထံ လှူဒါန်းမှု ပြုခဲ့သည့် အတွက် လူ ၅ ဦး၏ အသက်များအား ကယ်တင်နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.